ဗိုလ်ချုပ်အောင်ဆန်းဟာ ယုတ္တိဗေဒပညာကို တတ်တယ်

ဗိုလ်ချုပ်အောင်ဆန်းဟာ ယုတ္တိဗေဒပညာကို တတ်တယ် .. ..
ဗိုလ်ချုပ်အောင်ဆန်းဟာ ဒဿနပညာကို တတ်တယ် .. ..
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗုဒ္ဒဘာသာကို တတ်တယ် .. ..
ဒီခေါင်းစဉ်ကို ကျွန်တော်ရှင်းပြပါမယ် -
သုတေသီများကတော့ တိတိကျကျ မှတ်သားပါလိမ့်မယ်၊ ကျွန်တော်ကတော့ အဓိပ္ပာယ်ပဲ ဖော်ပြ နိုင်ပါတယ်၊ အဓိပ္ပာယ် ဖော်ပြပါမယ် .. ..
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးတယ် -
“လွတ်လပ်ရေးရခြင်းဟာ ကျွန်တော်တို့ရဲ့ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခြင်းရဲ့ အကျိုးအမြတ်ချည်းပဲလို့ မယူစေချင်ဘူး၊ လွတ်လပ်ရေး ရခြင်းဟာ ကျွန်တော်တို့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လွတ်လွတ်လပ်လပ်နဲ့ ကောင်းအောင်လုပ်နိုင်ဖို့အတွက် အကြောင်းခံတရား ဘက်ကလည်း ယူစေ ချင်တယ်”
ဆိုတဲ့ အဓိပ္ပာယ်ကို ပြောခဲ့ဖူးတယ်။
အင်္ဂလိပ်လို အနီးစပ်ဆုံး ပြောရမယ်ဆိုရင် တိတိကျကျတော့ မဟုတ်ပါဘူး၊ အဓိပ္ပယ် အနီးစပ်ဆုံး ပြောရမယ်ဆိုရင် .. ..
“Independence is not only the effect of our struggle but also it is the cause to do for the good of our country freely.”
ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ (သုတေသီများကတော့ တိတိကျကျ မှတ်သားကြပါလိမ့်မယ်)
ကျွန်တော် ပြောချင်တာက ဒီလိုပြောတတ်ခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းဟာ ယုတ္တတိဗေဒ တတ်လို့ပဲ ..
ကျွန်တော်က ယုတ္တိဗေဒသမား ဒဿနသမားပါ၊ နောက်ပြီး တရားသမားပါ။ ယုတ္တိဗေဒကို ဗိုလ်ချုပ်အောင်ဆန်းတတ်တော့ ယုတ္တိနည်းကျ အကြောင်းနဲ့အကျိုးမှာ အကျိုးဟာလည်း အကြောင်းပြန်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို ကွင်းဆက် ဖော်ပြခဲ့တယ်။ ဒါဟာ ယုတ္တိနည်းကျ ယူတာပဲ။ တနည်းတော့လည်း သိပ္ပံဒဿန ပညာရှင်များယူတဲ့ အယူပဲ။
သိပ္ပံဒဿန ပညာရှင်များကလည်း ဥပမာ —-“အောင်မြင်ခြင်း အဖြေကိုတွေ့ရင် ပျော်ပါ၊ သို့သော် ဒီအောင်မြင်ခြင်း အဖြေဟာ နောက်ပိုမို ခက်ခဲနက်နဲတဲ့ ပုစ္ဆာပိုင်းဆိုင်ရာရဲ့ နိုးဆွမှုကို ဖြစ်စေနိုင်ပါတယ်” လို့ ယူတယ်။
ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သိပ္ပံဒဿန ပညာကိုလည်း တတ်တယ်လို့ သတ်မှတ်နိုင်တယ်။ ဗုဒ္ဓဘာသာဟာ အားလုံးသိပါတယ် -
“ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ဆိုတာ – အကြောင်းခံသလို အကျိုးဖြစ်တယ်၊ ဖြစ်ရပ်တွေဟာ အကြောင်း ရှိတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဖြစ်ရပ်တွေဟာ အကြောင်းရှိလို့ အကြောင်းခံလို့ အကျိုးရှိတယ်၊ ဒီအကျိုးကလည်း အကြောင်းပိုင်းကို ရပ်တည်လို့ရှိရင် နောက်တစ်ခါ အကျိုးအတွက် အကြောင်းခံတရား ဖြစ်နိုင်တဲ့သဘောကို ဖော်ပြနိုင်တယ်၊ ဒီလို ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်း တင်ပြရဲတာဟာ
ယုတ္တိဗေဒလည်း တတ်လို့၊သိပ္ပံဒဿနပညာလည်း တတ်လို့၊ဗုဒ္ဓဘာသာလည်း တတ်လို့ ကျွန်တော်ကတော့ ကောက်ချက်ချလိုပါတယ်။ ဒါ ကျွန်တော့်ရဲ့ သီးခြားကောက်ချက် သဘောထား ဖြစ်ပါတယ်။
(အခုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထုပ္ပတ္တိကို မှတ်တမ်းပြုဖို့ ကြိုးစားပြင်ဆင်နေကြတယ် ဆိုတဲ့ သတင်းလေးရတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီအရည်အချင်းတွေကို အသိအမှတ်ပြု ထုတ်ဖော်စေချင်တဲ့ သဘောလည်း ရှိလို့ ကျွန်တော် ဖွင့်ပြီးရေးလိုက် ရခြင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က ယုတ္တိဗေဒလည်း တတ်တယ်၊ သိပ္ပံဒဿန ပညာလည်း တတ်တယ်၊ ဗုဒ္ဓဘာသာလည်း တတ်တယ်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း တတ်တာကို ကျွန်တော်က ကောင်းကောင်းမွန်မွန် ထင်ထင်ရှားရှား သိနားလည်လို့ ကောက်ချက်ချခြင်းနဲ့ အတူတူ ထုတ်ဖော် ဖွင့်ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။)
ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားမှု ရှိကြောင်း အောက်ပါ ကဗျာလေးနဲ့ သက်သေပြကြည့်ချင်တယ် .. ..
ဗိုလ့်ထက်ဗိုလ် သူအချုပ်ပေမို့
ဗိုလ်ချုပ်လို့ အမည်တွင်
ဗိုလ်လုပ်လို့ ပြည်တခွင်ဝယ်
တီထွင်ကာ ခန့်ခွဲ
ဝန်ကြီးများ စီကာရံသည်
ညီလာခံ ကျင်းပနေဆဲ`
ရိုင်းပြတဲ့ တစ်စုမူ
ပြုအမူ မိုက်မဲ
လက်နှက်ယူ ကိုင်စွဲလို့
ဒိုင်းကနဲ ပစ်သော် .. ..
နောက်တော်ပါ ရံရွေအပေါင်းရယ်နဲ့
စံရွှေ့ပြောင်း နတ်မြို့စံပျော်
ထောင့်သုံးရာ ကိုးပေါ်ဝယ် .. ..
ဟူ၍ ကျွန်တော် ကိုးနှစ်သားတုန်းက ရခဲ့တဲ့ ကဗျာလေးဟာ ယနေ့ထက်တိုင် အခုထက်ထိ ရထားပါတယ်။ (ကျွန်တော် ဒါကို စာနဲ့မှတ်တမ်းပြုထားတာ မဟုတ်ပါဘူး၊ အလွတ်ရခြင်း ဖြစ်ပါတယ်။)
ဒီိတော့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစား ကြည်ညို သဒ္ဒါပွားလို့၊ ကျွန်တော် တတ်တဲ့ ပညာနဲ့ ကောက်ချက်ချခြင်း ဖြစ်ပါတယ်။ အခြေခံ အချက်အလက်ကတော့ မှတ်တမ်းပြုသူများ အတိအကျ သိမှာပါ။ ဒါပေမယ့် ကောက်ချက်ပေးတဲ့ နေရာမှာတော့ ကျွန်တော်က ယုတ္တိဗေဒနည်းလည်း တတ်ခဲ့တယ်၊ ဒါနဲ့ မဟာဝိဇ္ဇာ အောင်တာပါ။ သိပ္ပံဒဿန ပညာကိုလည်း တတ်ခဲ့တယ်၊ ဒီဟာနဲ့ပဲ ကျမ်းပြု တာပါ၊ ဗုဒ္ဓဘာသာလည်း တတ်တယ် ဗုဒ္ဓစာပေဆု ရတာပါ။ ဒီတော့ ကျွန်တော်က ကောက်ချက်ချတဲ့ အခါကျ အများကလည်း ပိုပြီးတော့ တန်ဖိုးထား သိနားလည် ပေးနိုင်လိမ့်လို့ မျှော်လင့်ယုံကြည်ပါတယ်။
ဒါကြောင့် ဒီကောက်ချက် သုံးခုကို ပေးလိုက်ပါတယ် -

ဗိုလ်ချုပ်အောင်ဆန်းဟာ သိပ္ပံဒဿနပညာကို တတ်တယ် .. ..
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗုဒ္ဒဘာသာကို တတ်တယ် .. ..`
ဒီလိုပဲ ကောက်ချက်ပေးလိုပါတယ်။
ဒေါက်တာချစ်ငယ်(ဒသန)

No comments:
Post a Comment