Sunday, May 8, 2016

ကိုယ်​​ရေးရာဇဝင်​အချို့

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးရာဇ၀င် အချို့ 

Aung San was born to U Pha, a lawyer, and his wife, Daw Suu, in Natmauk, Magway District, in central Burma on 13 February 1915.
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာပြည် အလယ်ပိုင်း၊ မကွေးတိုင်း နတ်မောက်မြို့၌ ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့က ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါသည်။

Aung San received his primary education at a Buddhist monastic school in Natmauk, and secondary education at Yenangyaung High School.
မူလတန်းပညာကို နတ်မောက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သင်ယူဆည်းပူးခဲ့ပြီး အထက်တန်းပညာကို ရေနံချောင်း အမျိုးသားကျောင်းတွင် ဆက်လက် သင်ယူခဲ့ပါသည်။
He went to Rangoon University (now the University of Yangon) and received a B.A. degree in English Literature, Modern History, and Political Science in 1938.
၁၉၃၈ ခုနှစ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ဘီအေ ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။

Names of Aung San
ဗိုလ်ချုပ်အောင်ဆန်း၏ အမည်များ

Name at birth: Htein Lin
ဇာတာပါအမည် - ထိန်လင်း (မိဘများက အစ်ကိုဖြစ်သူ အောင်သန်းနှင့်လိုက်ရန် အောင်ဆန်းဟု ခေါ်ခဲ့သည်)

As student leader and a thakin: Aung San
ကျောင်းသားခေါင်းဆောင်အမည် - သခင်အောင်ဆန်း

Nom de guerre: Bo Tayza
ရဲဘော်သုံးကျိပ်ဝင် အမည် - ဗိုလ်တေဇ

Japanese Name: Omoda Monji (面田紋次)
ဂျပန်အမည် - အိုမိုဒါမွန်ဂျိ

Chinese Name: Tan Lu Sho
တရုပ်အမည် - ထန်လုရှို

Resistance period code name: Myo Aung, U Naung Cho
တော်လှန်ရေးကာလ လျှို့ဝှက်အမည် - မျိုးအောင်၊ ဦးနောင်ချို

Contact code name with General Ne Win: Ko Set Pe
ဗိုလ်နေဝင်းနှင့်ဆက်သွယ်သောအမည် - ကိုစက်ဖေ

1932
He matriculated in the “A” category with distinctions in Burmese and Pali.
၁၉၃၂ ခုနှတွက် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာ ဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ခဲ့သည်။

1933
Aung San quickly became a student leader after he entered Rangoon University.
ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား၍ မကြာမီပင် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့သည်။
He was elected to the executive committee of the Rangoon University Students' Union (RUSU). He then became editor of their magazine Oway (Peacock's Call).
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖွဲ့ဝင် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။

1936 February
He was threatened with expulsion from the university, along with U Nu, for refusing to reveal the name of the author of the article Hell Hound At Large, which criticized a senior University official.
၁၉၆၃ ခုနှစ် ဖော်ဖော်ဝါရီလတွင် “ငရဲခွေးကြီး လွတ်နေပြီ” ဟူသည့် တက္ကသိုလ်အရာရှိ အုပ်ချုပ်ရေး အရာရှိကြီးတစ်ဦးအာ ရည်ညွှန်းထားသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး ဆောင်းပါးရှင်အား ဖော်ထုတ်ရန် တောင်းဆိုသည်ကို ငြင်းဆိုခြင်းကြောင့် ကိုနု(နောင်တွင် သခင်နု) နှင့်အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ (ကိုနု ကျောင်းထုတ်ခံရခြင်းမှာ ကျောင်းအုပ်ကြီးအား ပစ်ပစ်ခါခါ ဝေဖန်မှုကြောင့်ဖြစ်သည်)
This led to the Second University Students' Strike and the university authorities subsequently retracted their expulsion orders.
အဆိုပါကိုစ္စများသည် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို ဖြစ်စေခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် တက္ကသိုလ်မှ ထုတ်ပယ်သည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

1938
Aung San was elected president of both the Rangoon University Student Union (RUSU) and the All-Burma Students Union (ABSU), formed after the strike spread to Mandalay.
၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီးနောက် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (၂) ရပ်လုံးတွင် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။
In the same year, the government appointed him as a student representative on the Rangoon University Act Amendment Committee.
ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ တွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် အစိုးရက ရွေးချယ်ခဲ့သည်။

1938 October
Aung San left his law classes and entered national politics. At this point, he was anti-British, and staunchly anti-imperialist.
၁၉၃၈ ခုနှစ်၊ အောက်တိုဘာလ တွင် တက်ရောက်နေသော ဥပဒေဘွဲ့သင်တန်းကို ထားခဲ့ကာ အမျိုးသားနိုင်ငံရေးကို ကူးပြောင်းဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်က ဗိုလ်ချုပ်သည် ဗြိတိသျှဆန့်ကျင်ရေးသမား၊ ယုံကြည်ချက် ပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့ပါသည်။
He became a Thakin (lord or master – a politically motivated title that proclaimed that the Burmese people were the true masters of their country, not the colonial rulers who had usurped the title for their exclusive use) when he joined the Dobama Asiayone (Our Burma Union), and acted as their general secretary until August 1940.
ဒို့ဗမာအစည်အရုံးဝင် တစ်ဦးဖြစ်လာသောအခါတွင် သခင်တစ်ဦး (မြန်မာလူမျိုးများသည် မြန်မာပြည်၏ သခင် အစစ်များဖြစ်သည်၊ ကိုလိုနီ နယ်ချဲ့များက မတရားသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်) ဖြစ်လာခဲ့ကာ ၁၉၄ဝ ခုနှစ်၊ သြဂုတ်လ အထိ ဒို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
While in this role, he helped organize a series of countrywide strikes that became known as ME 1300 Revolution, named after the Burmese calendar year.
ထိုသို့ ဆောင်ရွက်နေစဉ် ကာလအတွင်း ၁၃ဝဝ ပြည့်အရေးတော်ပုံ ( မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်တွင် ဖြစ်ပွားသည်ကို အစွဲပြု၍ခေါ်ဆိုခြင်းဖြစ်သည်) တွင် နိုင်ငံတဝန်းသပိတ်ပွဲများကို စုစည်း ဦးဆောင်ခဲ့ပါသည်။

He also helped found another nationalist organization, the Freedom Bloc ( Bama-htwet-yat Gaing), by forming an alliance between the Dobama, the ABSU, politically active monks and Dr Ba Maw's Sinyètha (Poor Man's) Party, and became its general secretary.
အခြားသော အမျိုးသားရေး အဖွဲ့တစ်ခု ဖြစ်သည့် ဗမာထွက်ရပ်ဂိုဏ်းကြီး ထူထောင်ရာတွင်လည်း ပါဝင်ခဲ့ပြီး ၎င်း အဖွဲကြီးသည် ဒို့ဗမာအစည်းအရုံး၊ မြန်နိုင်ငံလုံဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးနိုးကြားသော ရဟန်းတော်များ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ တိုဖြင့် မဟာမိတ်ပြုထားခြင်းဖြစ်ပြီး ယင်းမဟာမိတ် အဖွဲ့၏ အတွင်းရေးမှူး ဖြစ်လာခဲ့ပါသည်။
What remains relatively unknown is the fact that he also became a founder member and first secretary-general of the Communist Party of Burma (CPB) in August 1939. Shortly afterwards he co-founded the People's Revolutionary Party, renamed the Socialist Party after the Second World War.
၁၉၃၉ ခုနှစ်၊ သြဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်နှင့် အဆိုပါအဖွဲ့တွင် ပထမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်မှာ သိပ်ပြီးမထင်ရှားခဲ့ပါ။ များမကြာမီ ကာလတွင် ပြည်သူ့တော်လှန်ရေးပါတီ ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီ ဟုပြန်လည်အမည်ပေးခဲ့သည်။

1940 March
He attended the Indian National Congress Assembly in Ramgarh, India. However, the government issued a warrant for his arrest due to Thakin attempts to organize a revolt against the British and he had to flee Burma.
၁၉၄ဝ ခုနှစ်၊ မတ်လတွင် အန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အန္ဒိယအမျိုးသားလွှတ်တော်စည်းဝေပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် ဗြိတိသျှအစိုးရကို သခင်တို့က တော်လှန်ပုန်ကန်ရန်ကြိုးပမ်းအာထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်ဝရမ်း ထုတ်ပြန်လိုက်သည့်အတွက် မြန်မာနိုင်ငံမှ ပြေးခဲ့ရသည်။
He went first to China, seeking assistance from the nationalist government of the Kuomintang, but he was intercepted by the Japanese military occupiers in Amoy, and was convinced by them to go to Japan instead.
ပထမတွင် တရုတ်ပြည်သို့သွားရောက်ကာ ကွန်မြူနစ်များထံမှ အကူအညီ ရယူရန် ရည်ရွည်သော်လည်း ဂျပန်စစ်တပ်က အမွိုင်မြို့တွင် ကြားဖြတ်တားဆီးကာ ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့သည်။

Family (မိသားစု)

While he was War Minister in 1942, Aung San met and married Khin Kyi, and around the same time her sister met and married Thakin Than Tun, the Communist leader.
၁၉၄၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလတွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ပါသည်။
Aung San and Khin Kyi had three children. ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့တွင် သားသမီး (၃) ယောက်ထွန်းကားခဲ့သည်။
Their youngest surviving child, Aung San Suu Kyi, is a Nobel Peace Prize laureate and leader of the Burmese Opposition, the National League for Democracy (NLD).
အက်ရှင်ကျန်ရစ်သူ သား၊ သမီးများမှ သမီးထွေးဖြစ်သူ အောင်ဆန်းစုကြည်သည် ငြီမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးဖြစ်ပြီး မြန်မာ့ အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သော အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်လည်းဖြစ်ပါသည်။
Their second son, Aung San Lin, died at age eight, when he drowned in an ornamental lake in the grounds of the house.
ဒုတိယသားဖြစ်သော အောင်ဆန်းလင်မှာ ၈နှစ်သားအရွယ်တွင် ရေနစ်သေဆုံးခဲ့ပါသည်။
The elder, Aung San Oo, is an engineer working in the United States.
အကြီးဆုံးဖြစ်သူ အောင်ဆန်းဦးသည် အင်ဂျင်နီယာ တစ်ယောက်အဖြစ် အမေရိကန်ပြည်ထောင်စုတွင် ရှိနေပါသည်။
Their youngest daughter, Aung San Chit, born in September 1946, died on 26th sep 1946
သမီးထွေးဖြစ်သူ အောင်ဆန်းချစ်ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင် မွေးဖွားခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးသွားခဲ့ပါသည်။
Aung San's wife Daw Khin Kyi died on 27 December 1988.
ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

Assassination (လုပ်ကြံခံရခြင်း)
On 19 July 1947, a gang of armed paramilitaries of former Prime Minister U Saw[citation needed] broke into the Secretariat Building in downtown Rangoon during a meeting of the Executive Council (the shadow government established by the British in preparation for the transfer of power) and assassinated Aung San and six of his cabinet ministers, including his older brother Ba Win, father of Sein Win leader of the government-in-exile, the National Coalition Government of the Union of Burma (NCGUB). A cabinet secretary and a bodyguard were also killed. U Saw was subsequently tried and hanged.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦး တို့သည် လုပ်ကြံခံခဲ့ရပါသည်။

(ယခုဖော်ပြပါအကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/08/blog-post_6547.html မှပြန်လည်ကူးယူတင်ပြခြင်းဖြစ်သည်)

ပင်​လုံစိတ်​ဓာတ်

ပင်လုံစိတ်ဓာတ် ( သို့  ) အောင်ဆန်း - အက်တလီ စာချုပ် ( ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ရက် )

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး လွတ်လပ်ရေး ပန်းတိုင်ကို ချီတက်ဖို့အတွက် သမိုင်းဝင် ပင်လုံ အစည်းအဝေးကြီး (၁၉၄၇)မှာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် ရပြီးတော့မှ ပင်လုံစာချုပ်ကြီးကို (၁၂၊၂၊၁၉၄၇) နေ့မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်ကို နောင်အခါ ပင်လုံစိတ်ဓာတ်လို့ မွန်မွန်မြတ်မြတ် ကမ္ပည်းထိုးနိုင် ခဲ့ပါတယ်။ အလွယ်တကူဆောင်ရွက်လို့မရခဲ့သလို တိုင်းရင်းသားများ သွေးစည်း ချစ်ကြည်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လိုပါတယ်။ သိမ်မွေ့ပြီး သိပ်ပြီးလည်း အကဲဆတ်ပါတယ်။ (၁၉၄၅)ခုနှစ်မှ (၁၉၄၈)ခု နှစ်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ဖဆပလအဖွဲ့ချုပ် ညီလာခံကြီး (၁၉၄၆)၊ အောင်ဆန်းအက်တလီ စာချုပ် (၁၉၄၇)နဲ့ သမိုင်းဝင် ပင်လုံအစည်းအဝေးကြီး (၁၉၄၇) တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ဖြစ်စဉ်ကြီး(၃)ရပ် ဖြစ်ပါတယ်။ ပထမဖြစ်ရပ်က ကိုလိုနီဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နန်းရင်းဝန်ဆာပေါ်ထွန်းရဲ့ လက်ထက်မှာဖြစ်ခဲ့ပြီး ဒုတိယနဲ့ တတိယဖြစ်စဉ်ကြီး (၂)ရပ်ကတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၊ အမှုဆောင်ကောင်စီ (နောင်အမျိုးသားယာယီအစိုးရ) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးပြီး ပြုလုပ်တဲ့ ဖြစ်စဉ်ကြီးတွေပါပဲ။ အဲဒီသမိုင်းဝင်ဖြစ်စဉ်ကြီး (၃)ရပ်ဖြစ်ပေါ်မလာရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ (၄၊၁၊၁၉၄၈) နေ့မှာ ရရှိမှာမဟုတ်သလို ယခုပြည်နယ် ဒေသတွေရဲ့ လွတ်လပ်ရေးဟာလည်း နောက်ထပ်နှစ်ပေါင်း (၃ဝ)လောက် ကြာသွားနိုင်တယ်လို့ သုတေသနပြုကြရပါတယ်။ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံ စစ်ပြီးခေတ်မှာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ စက္ကူဖြူစီမံကိန်းကို ကိုင် လာပြီး ဆင်းမလားမြို့က ပြန်ရောက်လာတယ်။ ဖက်ဆစ်တော်လှန်ရေးအပြီး ဗိုလ်ချုပ်အောင် ဆန်းတို့ရဲ့ ဖဆပလအဖွဲ့ချုပ်ကြီးက ခေတ်နောက်ပြန်ဆွဲ အဲဒီစီမံကိန်းကို အကြီးအကျယ်ကန့်ကွက်တယ်။ (၁၇၊၁၊၄၆)နေ့ကစပြီး (၂၃၊၁၊၄၆)နေ့ အထိ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ပထမအကြိမ်ညီလာခံကြီးကို ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ကျင်းပတယ်။ လူထုတစ်သိန်းတက်ရောက် တယ်။ သဘာပတိက ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ အဲဒီအဖွဲ့ချုပ်ကြီးကို ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ လူထုလူတန်းစားအဖွဲ့ (၁၅)ဖွဲ့ပါဝင်တဲ့ တပ်ဦးကြီးအသွင်ဖွဲ့ကြတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်၊ ဆင်းရဲသား -ဝံသာနု၊ တို့ဗမာအစည်း အရုံးတွေ ပါဝင်တဲ့ အဖွဲ့ချုပ်ကြီးဖြစ်လာတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ အညီညွတ်ဆုံးကာလပဲလို့ အမွှန်းတင်ကြရတယ်။ ဒီညီလာခံကြီးရဲ့ ဆုံးဖြတ်ချက် အဆို(၁၈)ရပ်ကို တင်သွင်းကြ/ ထောက်ခံကြနဲ့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ကို ပုံဖော်ခဲ့ကြတယ်။ 'အမျိုးသားညီညွတ်ရေး အဆို'ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းတယ်။ အဲဒီအဆိုတွေအနက် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစု အရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းတယ်။ အဆိုအမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနဲ့ ပေါင်းစည်းရေးအဆိုကို ဦးဖေခင်(နောင်သံအမတ်ကြီး)က တင်သွင်းတယ်။ အဲဒီအဆိုတွေ အားလုံးဟာ တိုင်းရင်းသားညီနောင်များရဲ့ အကျိုးစီးပွားအတွက် နောင်တော် ဖဆပလအဖွဲ့ချုပ်ကြီးက မမေ့မလျော့ဘဲ ဦးဦးဖျားဖျား တင်သွင်းကြ၊ ထောက်ခံကြနဲ့ ညီညီညွတ်ညွတ်ရှိခဲ့ကြတယ်။ အဲဒီမှာ ထူးခြားတာက ရှမ်းပြည်နယ်က ဧည့်သည်အဖြစ် ရောက်လာကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးခွန်ထီးစတဲ့ လူငယ်(၉)ဦးက ဦးဖေခင်ရဲ့အဆိုကို ထောက်ခံကြောင်း၊ စာနဲ့ရေးသားတင်ပြလို့ ဖဆပလအဖွဲ့က သခင်ဝတင်က ဖတ်ကြားခဲ့တယ်။ သွေးခွဲအုပ်ချုပ်ရေးအရ ပြည်နယ်ပြည်မ ဖြတ်သန်းခွင့်မပြုတဲ့ အင်္ဂလိပ်ရဲ့ အက်ဥပဒေက ရှိတယ်။ ရှမ်းပြည်နယ်က လူငယ်တွေလျှို့ဝှက်ပြီး တက်ရောက်ကြရတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်မှာ စည်းရုံးရေးဒေသ ဖွင့်လို့မရသေးပါ။ နောက်ပိုင်းမှာ ဖဆပလအဖွဲ့ဝင် (၁၃)ဦးနဲ့ ရှမ်းပြည် နယ်ကလူငယ်ကိုယ်စားလှယ်(၁ဝ) ဦးတို့ ရန်ကုန်မြို့မှာ (၈၊၂၊၄၆)နေ့မှာ အသေးစိတ် ဆွေးနွေးကြတာ ရှိတယ်။ ချင်း၊ ကချင်၊ ရခိုင်ကိုယ်စားလှယ်တွေနဲ့ ဖဆပလ အဖွဲ့ချုပ်အမှုဆောင်တွေ ဆွေးနွေးကြတဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ဖဆပလ အဖွဲ့ဝင်တစ်ဦး စကားမှားလို့ ဦးတင်ဧက ကန့်ကွက်စာ ပို့ခဲ့တာကို ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ဖဆပလနဲ့ ရှမ်းတွေ ကွဲကုန်ကြပြီလို့ ဖွလိုက်ကြသေးတယ်။ ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု (၁၉၃၈)ခုနှစ် ကတည်းက ဦးတင်ဧတို့ အဖွဲ့က အလင်းရောင် စာကြည့်တိုက်ကို ညောင်ရွှေမြို့မှတည်ထောင် ခဲ့တယ်။ တခြားမြို့တွေမှာလည်း စာကြည့်တိုက်ခွဲတွေ ရှိတယ်။ နဂါးနီတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေရှမ်းပြည်နယ်ကို ရောက်ခဲ့တယ်။ ရှမ်းလူငယ်တွေ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ။ ဂျပန်ခေတ်(၁၊၁၊၄၄) ရက်မှာ အာရှလူငယ်အသင်းကို တောင်ကြီးမြို့မှာ ဖွဲ့စည်းခဲ့တယ်။ (၁၃၊၄၊၄၃)ရက် ကတည်းက တောင်ကြီးမှာ အလင်းရောင်စာကြည့်တိုက် အသင်းကြီးဖွဲ့စည်းခဲ့တယ်။ စစ်ပြီးခေတ်မှာ ဦးတင်ဧတို့အဖွဲ့ဟာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ (ရပလ)ကို ဦးဆောင်ဖွဲ့စည်းကြတယ်။ ရပလအဖွဲ့ဟာ ပဒေသရာဇ်စနစ်ကို မကြိုက်ကြသလို နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်လည်း ရှိခဲ့ကြတယ်။ (၂ဝ၊၁၁၊ ၄၆) ရက်မှ (ရပလ)အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်နဲ့အဖွဲ့တွေဟာ ရန်ကုန်မြို့၊ ဆန်းကဖီးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဖဆပလအမှုဆောင်တွေနဲ့ ဆွေးနွေးမှု ပြုခဲ့တယ်။ ဖဆပလအဖွဲ့က လူကြီးတွေက ရှမ်းလူငယ်တွေကို ပဒေသရာဇ် ဆန့်ကျင်ရေးက အချိန်မတန်သေးကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကိုသာ ဂရုစိုက်ပြီး ဆောင်ရွက်စေလိုကြောင်း အကြံပြုခဲ့ကြတာလည်း နောက်ပိုင်းမှာ ထင်ရှားလာတယ်။ မြန်မာဘုရင်များနဲ့ ရှမ်းပဒေသရာဇ်တွေ အကြီးအကျယ် စိတ်ဝမ်းကွဲကြတာ မရှိပါ။ နယ်ချဲ့ရဲ့ ကိုလိုနီဘဝကို အတူရောက်ခဲ့ကြတာပဲ။ ပြည်မမှာ အင်္ဂလိပ် ကဗျူရိုကရေစီ ယန္တယား တပ်ဆင် လာပေမယ့် တောင်ကုန်းထူထပ်တဲ့ ဒေသတွေမှာ အုပ်ချုပ်ဖို့ ခက်ခဲလို့လည်း ဒေသအလိုက် သင့်သလို အုပ်ချုပ်ကြရင်း ပဒေသရာဇ်စနစ်က မဖျက်သိမ်း နိုင်သေးပါ။ ဆာနပ်ခေါ်တဲ့ စော်ဘွား ခန့်အပ်လွှာတွေ ပေးအပ်ပြီး စော်ဘွားအုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့တာပဲ။ ထိန်းချုပ်လာနိုင်တဲ့ အခါ တောင်တန်းဒေသ အုပ်ချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းလာတယ်။ မျက်နှာဖြူ အရာရှိတွေ ရှမ်းပြည်နယ်မှာ သူတို့ကြိုက်တဲ့ ဘာသာရပ်တွေကို ထိန်းချုပ်လာတယ်။ သတ္တု/သစ်တောကဏ္ဍ စတာတွေမှာ စော်ဘွားတွေရဲ့ အကြိုက် ဖြစ်မလာတာ သေချာတယ်။ အများအားဖြင့် စော်ဘွားတွေဟာ ပြည်ပ ပညာတော်သင်လည်း ရောက်ခဲ့ကြပြီ။ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မီတဲ့ ပုဂ္ဂိုလ်များလည်းရှိတယ်။ ပြည်မက ခေါင်းဆောင်တွေနဲ့ အနေစိမ်းကြတယ်။ ဒါကို နယ်ချဲ့ အရာရှိတွေကလည်း သူတို့လိုသလို ပုံသွင်း၊ အကြံပေးတာတွေရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို ယုံကြည်ကြတာကြောင့်လုပ်ငန်းတော်တော်များများ အဆင်ပြေခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ တောင်ပေါ်ဒေသတွေလည်း မလွတ်ခဲ့ပါဘူး။ (၁၉၄၅)ခုနှစ် အလယ်မှာ မိုင်းပွန်စော်ဘွားကြီး (နောင်အာဇာနည်)ရဲ့ မဟာဒေဝီ အသုဘအခမ်းအနား ကျင်းပတော့ ရှမ်းပြည်နယ်က နယ်ရှင်စော်ဘွားကြီးတွေ ရောက်ရှိလာကြတယ်။ ခရီးကြုံကြိုက်တုန်း ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ သထုံမြို့စားကြီး စဝ်ခွန်ကြည်တို့က ဦးဆောင် ဆွေးနွေးတယ်။ မြန်မာပြည်မက ဖဆပလအဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကိုလည်း သိနေတယ်။ ရှမ်းပြည်နယ်အရေး ဆွေးနွေးကြဖို့၊ နောက်တစ်ကြိမ် မိုင်းကိုင်မြို့မှာ ဆုံတွေ့ကြဖို့ သဘောတူကြတယ်။ (၆၊၁၁၊၄၅)ရက် မိုင်းကိုင်မြို့မှာ တွေ့ဆုံကြတော့ ဘုရင်ခံထံ တင်သွင်း မယ့်စာကို ဆွေးနွေးကြတယ်။ တောင် ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က သဘာပတိအဖြစ် ဆောင်ရွက်တယ်။ စော်ဘွားများကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့စီစဉ်ကြတယ်။ (၁၄၊၁၁၊၄၆) ရက်မှာဘုရင်ခံထံကို(က) ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး (ခ) တန်းတူညီမျှ အခွင့်အရေးရရှိရေး (ဂ) ခွဲထွက်နိုင်ခွင့် စတဲ့ အချက်(၃)ချက်ပါတဲ့စာကို တင် သွင်းတယ်။ တောင်တန်းဒေသ ညွှန်ကြားရေးဝန် မစ္စတာစတီဗင်ဆင် လားရှိုးကို ရောက်လာတယ်။ စတီဗင်ဆင်နဲ့ ဆွေးနွေးပြီးနောက် စော်ဘွားတွေဗြိတိသျှ တောင်တန်းဒေသ အုပ်ချုပ်ရေးထဲမှာပဲ နေထိုင်လိုတယ်လို့ ဆိုပြန်တယ်။ ပြည်မခေါင်းဆောင်တွေ ကတော့ စတီဗင်ဆင် ရောက်လာပြီးမှ စော်ဘွားတွေ တွေဝေသွားတယ်လို့ မှတ်ချက်ချကြတယ်။ ပထမပင်လုံအစည်းအဝေး(၁၉၄၆) သံအမတ်ကြီး ဦးဖေခင်ရဲ့ အဆိုအရ ပင်လုံမှာ(၁၉၄၆)နဲ့ (၁၉၄၇) ခုနှစ် တွေမှာ အစည်းအဝေး(၂)ကြိမ် လုပ်ခဲ့တယ်။ ရန်ကုန်က အုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေးပါတီတွေကိုဖိတ်တယ်။ ဖဆပလအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ သခင်နု၊ မန်းဘခိုင် နဲ့ဦးဘဂျမ်းတို့တက်ရောက်ခဲ့ကြတယ်။ မျိုးချစ်ပါတီကဂဠုန်ဦးစောတက် ရောက်ခဲ့တယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)က နေမကောင်းလို့မလာနိုင်။ ဗိုလ်ချုပ်က ရခိုင်ခရီးစဉ်နဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်ပါ။ နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်လို့မရလို့ စက်မှုလက်မှုပြပွဲလို့ ခေါင်းစဉ်တပ်တယ်။ တကယ်လည်း စက်မှုလက်မှုပြပွဲလည်း လုပ်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲလည်းပါတယ်။ (၂ဝ၊၃၊၄၆)ရက်မှာ ရှမ်းပြည်နယ်စက်မှုလက်မှုပြပွဲကို ပင်လုံမြို့မှာကျင်းပ တယ်။ အင်းလေးကပိုးထည်၊ မိုင်းကိုင်က စက္ကူ၊ မိုးနဲက ငွေဓား၊ ကျိုင်းတုံက ယွန်း-ရွှေထည်၊ လင်းခေးမြို့က ဗာဂျီးနီယားဆေးတွေကို ပြသခဲ့တယ်။ လင်းခေးဦးထွန်းမြင့်က ဗာဂျီးနီးယားဆေးစိုက်ပျိုးမှု စာတမ်းဖတ်တယ်။ ဦးတင်ဧ က ပညာရေးနဲ့ပတ်သက်ပြီးဟောပြောတယ်။ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်တယ်။ ဒါဖြင့်ရင် ရှမ်းပြည်နယ်က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က နိုင်ငံရေး ပါတီတွေကို သာမက တောင်တန်းဒေသက ပုဂ္ဂိုလ်တွေကိုပါ ဖိတ်ကြားပြသ ဆွေးနွေးတဲ့ စက်မှု လက်မှုပြပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ခဲ့တယ်။ ဖဆပလ ကိုယ်စားလှယ် သခင်နုက ရှမ်း-ဗမာ ချစ်ကြည်ရေးကို အကျယ်တဝင့် ရှင်းပြတယ်။ အနောက်တိုင်း ရာဇဝင်ဆရာတွေ ရေးခဲ့တဲ့ စာအုပ်တွေရဲ့ သွေးခွဲခဲ့တာတွေကို ထောက်ပြတယ်။ သိုဟန်ဘွားကို မင်းကြီးရန်နောင်က သတ်ဖြတ် ဖယ်ရှားတာက သာသနာကို စော်ကားလို့ဖြစ်တယ်။ မင်းကြီးရန်နောင် မင်းမပြုဘဲ သီပေါက အုန်းဘောင် ခုံမှိုင်းကို နန်းတင်ပြီး ရဟန်းပြုသွားတဲ့ ဥပမာကို ပြောတယ်။ သီပေါမင်းကို အင်္ဂလိပ်က ဖမ်းဆီးသွားတော့ ညောင်ရွှေစော်ဘွားက လူ(၅ဝဝ)နဲ့ မန္တလေး၊ မဟာမြတ်မုနိဘုရားမှာ စောင့်နေတယ်။ အင်္ဂလိပ်လက်မှ သီပေါမင်းကို ပြန်လည်လုယူပြီး နန်းတင်ဖို့အကြံဖြစ်တယ်လို့ ပြောတော့ တက်ရောက်သူများကလလည်း သဘောကျကြတယ်။ ဂဠုန်ဦးစောကတော့ ဒီမိုနီယံလွတ်လပ်ရေးက မြန်မာတွေရနိုင်တယ်။ ဒိုမီနီယံ လွတ်လပ်ရေးရဲ့ ကောင်းကွက်တွေကိုလည်း ပြောတယ်။ နောင်နှစ်မှာလည်း အဲဒီလို အထွေထွေ ဆွေးနွေးရန် ဆုံဆည်းကြဖို့ ရည်ရွယ်ခဲ့တယ်။ အောင်ဆန်းအက်တလီစာချုပ် ဗြိတိသျှနန်းရင်းဝန် ကလီမင့် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းတို့ကို (၂ဝ၊၁၂၊၄၆)ရက်မှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လန်ဒန်ကို ဖိတ်ကြားပါတယ်။ (၂၇၊၁၊၄၇)ရက်မှာ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့အခါ တောင်တန်းနယ်ဒေသများကိုပါ တစ်ပါတည်း ထည့်သွင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ တောင်တန်းသားများရဲ့ သဘောထားများကိုလေ့လာရန် လိုအပ်ကြောင်း၊ ယင်းတို့၏ သဘောထားကို လေ့လာရန် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ ယင်းကိစ္စအတွက် သီးခြားအစည်း အဝေးခေါ်ယူ၍ဖြစ်စေ လေ့လာရန် အချက်တစ်ရပ် ပါဝင်ပါတယ်။ ဒီကိစ္စက အလျင်အမြန် လုပ်ရမယ့်ကိစ္စဖြစ်တော့ မနှစ်က ပထမပင်လုံအစည်းအဝေး (၁၉၄၆)ခုနှစ် တွေ့ဆုံကြမည့် နေရာမှာပဲ ဒုတိယပင်လုံ အစည်းအဝေး(၁၉၄၇)ကို ကျင်းပမယ်လို့ လျာထားသတ်မှတ်ခဲ့ပါတယ်။ အောင်ဆန်းအက်တလီ စာချုပ်ဖို့အသွားမှာပဲ စော်ဘွား(၂)ဦးက လားရှိုးမြို့ကတစ်ဆင့် လန်ဒန်သို့ ပို့လိုက်တဲ့ သံကြိုးစာက မစ္စတာအက်တလီထံ ကြိုတင်ရောက်နေပြီလို့ အဆိုရှိတယ်။ သံကြိုးစာအရ ''အောင်ဆန်းဟာ စော်ဘွားများရဲ့ ကိုယ်စားလှယ်မဟုတ်လို့ ရှမ်းပြည်နယ်ကို ကိုယ်စားမပြုပါ။ ရှမ်းပြည်နယ်ကိစ္စ ဆွေးနွေးရန် စော်ဘွား ကိုယ်စားလှယ်များကို သီးခြားဖိတ်ပါလို့'' ပါရှိပါတယ်။ ဆွေးနွေးနေတာ ရက်အတော်ကြာပြီ။ ဗိုလ်ချုပ်အောင်ဆန်းလည်း စိတ်ပျက်သွားပြီး မြန်မာပြည်ကိုပြန်လာဖို့ လေယာဉ်ပျံ မှာခိုင်းတယ်။ ဒီသတင်းကိုရတော့ တောင်ကြီးမြို့မှာ ဦးဖေခင်၊ ဦးတင်ဧစတဲ့ ရှမ်းလူငယ်တွေ ကြွေးကြော်သံတွေနဲ့ တောင်ကြီးမြို့တွင်း လှည့်လည်ပြီး ဆန္ဒပြကြတယ်။ ''ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်လူထု ကိုယ်စားလှယ်ဖြစ်ကြောင်း'' တောင်ကြီးမြို့ကနေ လန်ဒန်ကို ကြေးနန်းရိုက်တော့မှ စာချုပ်ကိစ္စ အဆင်ပြေ သွားတယ်။ ရန်ကုန်ကို ဗိုလ်ချုပ်တို့ ပြန်ရောက်ပြီး (၂)ပတ်ခန့်အတွင်းမှာ ဒုတိယပင်လုံ အစည်းအဝေးကို တက်ရောက်ရပါမယ်။ အဲဒီအစည်းအဝေးမှာလည်း လန်ဒန်မြို့မှာလို အဆင်မပြေလို့ လေယာဉ်ပျံမှာရမယ့် ကိန်းက ဆိုက်ခဲ့သေးတယ်။ ဗိုလ်ချုပ်ရဲ့ ပွင့်လင်းရိုးသားမှုနဲ့ နယ်ရှင်စော်ဘွားတွေ၊ ရှမ်းလူထုကြီးနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ အမြော်အမြင်ကြီးမားစွာနဲ့ ကြိုးစားကြလို့ အခက်အခဲ အမျိုးမျိုးကြားက ပင်လုံစာချုပ်က အဆင်ပြေချောမော သွားကြတယ်။ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းဝင် ပင်လုံစိတ်ဓာတ်ကို လေးစားချီးကျူးဖွယ် မှတ်တမ်းပြုအပ်ပါတယ်။ ပင်လုံ အစည်းအဝေးကြီးမှာ အခက်အခဲတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ ရှေ့တစ်ပတ် ဆက်ပါဦးမယ်။
မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_5408.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

သမိုင်းထဲက ရက်​စွဲများ

သမိုင်း ထဲက ရက်စွဲများ

မင်းသန်းထိုက်(ဒေးဒရဲ)
“သမိုင်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ အကြောင်းအရာလည်း မဟုတ်၊ လူတစ်စု၏ အကြောင်းအရာလည်း မဟုတ်ပေ။ သမိုင်းသည် လူသားတစ်ရပ်လုံး၏ အကြောင်းအရာဖြစ်သည်”
အထက်ပါ စကားစုတို့မှာ ဒသမတန်း မြန်မာ့သမိုင်းစာအုပ် အမှာစာမှဖြစ်သည်။ သို့နှင့်တိုင် အချို့သောဖြစ်ရပ်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များက ၀ိဝါဒကွဲလွဲနေဆဲ။
သာဓကအားဖြင့် မှန်နန်းမဟာရာဇ၀င်က ကျန်စစ်သားကို အနော်ရထာ၏သားဟု ဆိုသည်။ သမိုင်းသုတေသီ တင်နိုင်တိုးက ဇာတာတော်ပုံရာဇ၀င်အရ အနော်ရထာသည် ၃၇၆ ခုဖွားဖြစ်၍ ကျန်စစ်သားကို ၃၉၂ ခုဖွား ဖြစ်သဖြင့် ၁၆ နှစ်သာကွာသည်။ အနော်ရထာ ၁၆ နှစ်သားအရွယ်၌ ကျန်စစ်သားကို ဖွားပြီးဖြစ်ရလိမ့်မည်။ သို့သော် အနော်ရထာသည် အသက်(၃၀)အရွယ်ကျမှ မင်းဖြစ်ကာ ဝေသာလီပြည်မှ ဆက်သဘော ပဉ္စကလျာဏီမင်းသမီးနှင့် လက်ဆက်ခြင်းဖြစ်၏။ ထို့ကြောင့် ကျန်စစ်သားသည် အနော်ရထာနှင့် ပဉ္စကလျာဏီတို့မှ မွေးဖွားခြင်းမဟုတ်ဟု စိစစ်ပြထားသည်။
ထို့အတူ ပုဂံပျက်အပြီး ရှမ်းညီနောင်သုံးဦးတို့ တည်ထောင်ခဲ့သော ပြည်ငယ်များကို မှန်နန်းရာဇ၀င်နှင့် ဦးကုလားရာဇ၀င်တို့က မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဟု ဆိုကြသည်။  သို့သော် တက္ကသိုလ်ဝင်တန်း ကဗျာလက်ရွေးစင်၊ မြင်စိုင်းရွှေပြည်ကဗျာ မိတ်ဆက်၌မူ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယဟု ဆိုထားပြန်သည်။ မည်သူမှန်၍ မည်သူမှားလေသနည်း။ အမတ်ကြီးဗညားဒလ စီရင်သော ရာဇဓိရာဇ်အရေးတော်ကျမ်း၌ မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သူကြီး ဂါမဏိတို့ အင်းဝမြို့၌ မြင်းစီးချင်း တိုက်ကြသည်ဟု ဆိုသည်။ သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်းကမူ “သမိန်ဗရမ်းနဲ့ ဂါမဏိ၊ သမိန်ဗရမ်းနဲ့ စလုံကျော်ခေါင်၊ ဇာတ်လမ်းနှစ်ပုဒ်ဟာ တကယ်ဟုတ်ပါ့မလား”ဟု သံသယနှင့် ဆိုထားပေသည်။ (ဒေါက်တာသန်းထွန်း-မြန်မာသမိုင်းအတိုအထွာ-ကံ့ကော်မြိုင်စာပေ-၂၀၁၁)
လွန်ခဲ့သော အနှစ် ၆၀ ကျော် ၇၀ နီးပါးက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များက စာအုပ်တစ်အုပ်နှင့်တစ်အုပ် မတူကွဲပြားနေသည် ဆိုလျှင်တော့ ယခုလို သမိုင်းလက်လှမ်းမီဆဲ ကာလ၌ ဘယ်ဟာအမှန်ဆိုတာ ညှိနှိုင်းစိစစ် အတည်ပြုပေးဖို့ လိုသည်ဟု ကျွန်တော်ထင်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့၊ စာပေချစ်သူများအဖွဲ့က ဦးစီးတည်ထောင်ထားသော အလင်းတံခါး စာဖတ်ခန်းအင်အားစုက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းများ ပါဝင်သော လက်ကမ်းစာစောင်တစ်ခု ထုတ်ဝေခဲ့သည်။ ရည်ရွယ်ချက်ကား တိုင်းပြည်အပေါ် ကျေးဇူးရှိခဲ့သော အာဇာနည်ကြီးများ အကြောင်းကို ယနေ့ခေတ် ကျောင်းသားလူငယ်လေးများ သိရှိကာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေလို၍ ဖြစ်သည်။ သည်လက်ကမ်းစာစောင်ကို ကျွန်တော်ပင်တာဝန်ယူ၍ စီစဉ်ရသည်။ ကျွန်တော်လည်း လက်လှမ်းမီရာ ကျွန်တော့် စာအုပ်စင်ပေါ်မှ စာအုပ်များနှင့်ပင် အလွယ်တကူ ကိုးကား၍ အာဇာနည်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းကို ပြုစုလိုက်သည်။ သည်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိ၌ ဘီအိုင်အေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၁ ဒီဇင်ဘာဟုလည်းကောင်း၊ ဘီဒီအေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၂ သြဂုတ်လဟုလည်းကောင်း ထည့်လိုက်သည်။ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်မှာ “ဖိုးအောင်လေးပြုစုသည့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း” စာပေဗိမာန် ၂၀၀၄ ဖြစ်သည်။
ထိုလက်ကမ်းစာစောင် ထုတ်ဝေပြီး နောက်တစ်နေ့၌ပင် စာပေမိတ်ဆွေတစ်ဦးက ကျွန်တော့်ထံ စာဖြင့်အကြောင်းကြားလာသည်။ ဘီဒီအေဖွဲ့စည်းသည့် ခုနှစ်၊ လတို့ မှားယွင်းနေကြောင်း၊ ဘီဒီအေအဖြစ် ပြောင်းလဲဖွဲ့စည်းသည့်နှစ်မှာ ၁၉၄၃ ခု ဇူလိုင် ၂၇ ရက်ဖြစ်ကြောင်း အောင်သန်း၏ အောင်ဆန်းစာအုပ်မှ ထိုအကြောင်းပါသော စာမျက်နှာကို မိတ္တူဆွဲလျက် သက်သေအဖြစ် ထည့်ပေးလိုက်သည်။ ထိုမိတ်ဆွေ၏ စာကိုဖတ်ပြီး ကျွန်တော် အတော်ပင် ခေါင်းကြီးသွားသည်။ လက်ကမ်းတွေကလည်း ဝေပြီးပြီ။ မှားသွား၍ ကိုယ်သိက္ခာကျမှာထက် ကလေးတွေ အမှတ်မှားသွားမှာ စိုးရိမ်သည်။ ဒါနဲ့ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်ကို ပြန်ယူကြည့်တော့လည်း ကျွန်တော်မမှား။ ဘီဒီအေ စဖွဲ့စည်းသည့်နေ့ကို ၂၆ သြဂုတ် ၁၉၄၂ ဟုပင် ပြထားသည်။ ၂၇ ဇူလိုင် ၁၉၄၂ ကို ဘီအိုင်အေ ဖျက်သိမ်း၍ ဘီဒီအေစစ်ဌာနချုပ် (ဗဟိုစစ်ရုံးချုပ်)ကို ပျဉ်းမနား၌ ဖွင့်လှစ်သော ရက်စွဲအဖြစ် ပြထားသည်။ အောင်သန်း၏ အောင်ဆန်းစာအုပ်ပါ ဘီဒီအေပြောင်းလဲဖွဲ့စည်းသည့် ရက်စွဲနှင့် ရက်၊ လတို့တူပြီး ခုနှစ်မတူ။
ကျွန်တော့်စိတ်ထဲမှာ ဘ၀င်မကျ။ ဘာဖြစ်လို့ ဒီသမိုင်းနီးနီးကလေးက နှစ်မျိုးဖြစ်ရမှာတုံး။ တခြားစာအုပ်တွေမှာရော ဘယ်လိုရေးကြသလဲ။ သိချင်လာသည်။ ဒါနဲ့ စာဖတ်ခန်းရော၊ ကျွန်တော့် စာအုပ်စင်မှာပါရှိသည့် လက်လှမ်းမီရာ သမိုင်းစာအုပ်များကို ရှာဖွေဖတ်ကြည့်တော့မှ ပို၍ပင် ရင်မောရတော့သည်။
“၁၉၄၂ ခု ဇူလိုင်လ ၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်” (ဒသမတန်း မြန်မာ့သမိုင်း ကျောင်းသုံးစာအုပ် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်)
“၁၉၄၂ ဇူလိုင်လတွင် ဂျပန်အာဏာပိုင်တို့က တပ်ဖွဲ့ဝင်ဦးရေ နှစ်သောင်းငါးထောင်ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းလိုက်သည်။ ဤသို့
အင်အား ၂၅၀၀၀ ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အား ၃၀၀၀ မျှသာရှိသော ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရတော့သည်” (မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း-တက္ကသိုလ်စိန်တင်-အားမာန်သစ်စာပေ ၂၀၀၈ နိုဝင်ဘာ ပထမအကြိမ်)  
“၁၉၄၂ ဇွန် ၂၇၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပျဉ်းမနားမြို့၌ ပြန်လည်ဖွဲ့စည်းသည်” (နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ သန်းဝင်းလှိုင်၊ ကံ့ကော်ဝတ်ရည်စာပေ၊ ၂၀၀၉ မေ ပထမအကြိမ်)
“၁၉၄၂ ခု ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ (BDA)ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army)ကို ပြန်လည်ဖွဲ့စည်းသည်။ (မူရင်းအတိုင်း) (ကိုလိုနီခေတ် မြန်မာစာပေသမိုင်း၊ မောင်ခင်မင်၊ ဓနုဖြူ၊ စိတ်ကူးချိုချို အနုပညာ၊ ၂၀၁၀ မတ် ပထမအကြိမ်)
“လွတ်လပ်ရေးရပြီး လွတ်လပ်ရေးတပ်မတော် ထားရန်မလို၊ ကာကွယ်ရေးတပ်သာ ထားရန်လိုသည်ဟု အကြောင်းပြကာ ၁၉၄၃ ခု ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲ၍ တပ်သားဦးရေကိုလည်း သုံးထောင်ထိ လျှော့ချလိုက်လေသည်” (အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၅ ဇူလိုင် ၁၉)
ကျွန်တော်၏ လက်တစ်ကမ်းတွင်ရှိသော စာအုပ်များကို မွှေနှောက်ကြည့်လိုက်သည်နှင့်ပင် ရက်စွဲများက တစ်အုပ်တစ်မျိုး ဖြစ်နေသည်။ ဘီဒီအေဖွဲ့စည်းသည့် ကိစ္စတစ်ခုတည်း၌ပင် ဤမျှကွဲလွဲနေလျှင် အခြားကိစ္စများ၌လည်း ကွဲလွဲချက်များ ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ နောင်လူငယ် မျိုးဆက်များအတွက် အငြင်းပွားစရာ ဖြစ်လာနိုင်သည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံကိုထား။ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းရက်စွဲများကတော့ ကွဲလွဲမှုမရှိ တူညီသင့်သည်ဟု ထင်သည်။ မကြာမီ ဗိုလ်ချုပ်မှတ်တမ်း ရုပ်ရှင်လည်း ရိုက်ကူးတော့မည် ဖြစ်သည်။ ဘယ်ရက်စွဲကို အမှန်ယူမလဲ စဉ်းစားစရာ ဖြစ်လာခဲ့ပြီ။ အကောက်အယူ မှားခဲ့သော် ဖန်တီးသူတို့ ကြိုးစားဖန်တီးရကျိုးမနပ် ဖြစ်လိမ့်မည်။
သမိုင်းဆိုင်ရာ စာအုပ်စာတမ်းနှင့် ဆောင်းပါးများ ရေးသားသူတို့သည် သမိုင်းထဲတွင် တကယ်ဖြစ်ပျက်ခဲ့သည့် ရက်စွဲများနှင့် မကွဲလွဲအောင် စနစ်တကျ လေ့လာပြီးမှ ရေးသားစေချင်သည်။ သမိုင်းပညာရှင်ကြီးများ စုပေါင်းပြုစုထားသော “မြန်မာ့ရက်စဉ်သမိုင်း” ကဲ့သို့သော စာအုပ်မျိုးလည်း ရှိပြီးဖြစ်ရာ ပြုစုသူ ပညာရှင်တို့၏ ပညာဂုဏ်ကို ထောက်ချင့်၍ ကိုးကားထိုက်သည်ဟု ထင်ပါသည်။ မြန်မာ့သမိုင်းကို လေ့လာဖတ်ရှုကြမည့် အနာဂတ်မျိုးဆက်များအတွက် သမိုင်းထဲက ရက်စွဲတွေ အကွဲကွဲအလွဲလွဲ မဖြစ်စေချင်ပါလေ။          ။
(ယခုဖော်ပြပါအကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/08/blog-post_9173.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

ပင်​ကိုယ်​စရိုက်

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်

ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။


တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။
ဘာများလည်း ဗိုလ်ချုပ်”
ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။
ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ \[မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ် သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ြ
ဖင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ
ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”
ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
“ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗို
လ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်

ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)

ရေးသူ​တွေကို ​လေးစားလွန်းလို့ ကူးယူ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုလိုက်ပါသည်...။

ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု
ဦးညွှတ် အလေးပြုလိုက်ပါသည်...။


ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ အမှတ်တရ
By Heinn FiveStrings
နတ်မောက်...
မင်းဘာမှ ထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ...။

ခင်ကြည်...
ညည်းယောကျာင်္းကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့...။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာ မထားတတ်အောင်ရှက်နေရှာဦးမယ်..။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား...။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ...။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာ ကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး....။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့...
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ....။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာ တစ်ကောင်မှမရှိဘူး...။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား....။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်... ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့...
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်...

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ...။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်း မထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ...။

ညိုညိုစိန်....
ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား... တွေ့ဖူးရဲ့လား..
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့..
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား....။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့...
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း....။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
..
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ....
နှလုံးသားမရှိတာမဟုတ်ပါဘူး...
နှလုံးသားရှိလွန်းလို့ပါ....။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့...
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့...။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့..
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား...
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ....။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်...
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ....
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့...။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး...။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့...
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ......။

By Heinn FiveStrings
ပေးပို့သူ... (ကောင်းဆုလင်း)....
မူလ စာရေးသူက တစ်ပိုဒ်စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပိုဒ် စီ share
လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့)
copy & paste လုပ်ပြီး credit ပေးပါတယ်...။ ဒီမှာ နောက်ဆုံးပိုဒ်ကို
မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို
ရွှေ့ထားဖြစ်ပါတယ်...။ ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့
မွေးနေ့မှာ သူ့ကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့
မူလစာရေးသူကို ကျေးဇူးတင်ပါတယ်....။
By Heinn FiveStrings FACEBOOK မှ ကူးယူဖော်ပြပါသည်။

လွတ်​လပ်​​ရေးဖခင်​ကြီးဗိုလ်​​အောင်​ဆန်း

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈နှစ်ပြည့် မွေးနေ့ အမှတ်တရ...


ဗိုလ်ချုပ်ရဲ့ ဂျပန်ခေတ်ရှားပါး ဓာတ်ပုံများ တာတီးဖေ့စ်ဘွတ်ခ်


ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ
=======================

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။
ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။

(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်
တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည်
ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ
ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ ”ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍
တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေး
အတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများ
ဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြား
ပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချ
ပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။

ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

မောင်လွင်ဟိန်းကို
Myawady News

ဗိုလ်​ချုပ်​သမိုင်းစုစည်းမိသမျှ





ဗိုလ်ချုပ်အောင်ဆန်း သမိုင်းများ စုစည်းမှု

ဇူလိုင်(၁၉) ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကြီး

- ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။
ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသော ကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
  
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။
တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကို
မြင်ရသောအခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊
ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်
သေနတ်တွေ အပြင်မှာမထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက်မလုပ်ရန် ဆုံးမထားပါဟု
ပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေးစာပွဲကြီး၏ ဂ ငယ်ပုံအ၀မှဝင်၍ အလယ်၌ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစာပွဲသို့သွားရာမရောက်မီ စာပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်။
ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည် ပြတင်းပေါက်မှကျော်၍
အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။
ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင်ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ် ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်။

 အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု(အာဇာနည်များအား လုပ်ကြံသူများမှ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်။)

လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စာပွဲရှိ လူများအား ပစ်ပြီး၍အားရမှ
ကျွန်တော်တို့ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့
ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍
များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအား
အတော်အားရလောက်အောင် ပစ်ခတ်ပြီးသည့်နောက် စာပွဲဝိုင်းအလယ်၌၀င်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက်
လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍၀င်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်။
အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည်
အိပ်နေရာမှ ထထိုင်ပြီး " သေကုန်ကြပြီ ၊ သေကုန်ကြပြီ "  ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ၀မ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။ 
************************************************************************
- ဦးအောင်ဇံဝေ
၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျွန်ုပ်ကိုယ်တိုင် တခဏတာမျှ ခံစားလိုက်ရသောအတွေ့အကြုံနှင့် အနိဌာရုံမြင်ကွင်းမှာ ကျွန်ုပ်၏ တသက်တာတွင် မည်သည့်နည်းနှင့်မျှ မေ့၍ မရနိုင်တော့ပေ။
  
သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူကျွန်ုပ်နှင့် ၀န်ကြီးဦးဘဂျမ်းတို့သည် ၀မ်းလျားမှောက်နေရာမှ ထပြီး စာပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄၀ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေသည်။
ဗိုလ်အောင်ကျော်လမ်း ( ထိုစဉ်က စပတ်လမ်း ) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စာပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်။

အာဇာနည်တို့လုပ်ကြံခံရပြီးနောက် မြင်ရသည့် ၀န်ကြီးရုံး အစည်းအဝေးခန်းမနှင့် ယခုထိုအခန်းကို ဘုရားခန်း အဖြစ် ပြင်ဆင်ထားသည်ကိုတွေ့ရစဉ်။

စာပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသောဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာသေဆုံးနေပြီဟု ယူဆရသည်။ ၀န်ကြီး မစ္စတာ ရာဇတ် ၊ ၀န်ကြီး ဒီးဒုတ်ဦးဘချို ၊ ၀န်ကြီး ဦးဘ၀င်းနှင့်ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်။
မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက်
လှုပ်ရှားနေသည်။ စာပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသော
ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် စာပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသော
အတွင်းဝန်ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့်
အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော
တတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ။
  
နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်မှ 

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၏် အမှာစကား

Khut Daung Army

အဘေ့သားများပီပီ အဘေ့ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မည်။

ကျွန်မရဲ့ ခင်ပွန်းသည် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခံရပါပြီ။

ချဲ့ထွင်မပြောလို

သေဆုံးတဲ့သူမှာ သေဆုံးပြီး ဖြစ်၍ ကျွန်မအထူး ချဲ့ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစား ချစ်ခင်ကြပါလျှင် သူလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် သူချခဲ့တဲ့ လမ်းစဉ်အတိုင်း ဆထက် တံပိုး သည်ပိုးဆောင်ရွက်ကြဘို့ လိုပါတယ်။

တာဝန်ကို ဝေထမ်းခဲ့တယ်

ကျွန်မအတွက် ပြောရမည်ဆိုလျှင် ကျွန်မရဲ့ ခင်ပွန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ပြီး ရှေ့ဆောင်ရှေ့ရွက် လုပ်နေတဲ့ အခါ၊ ကျွန်မဟာ တိုင်းပြည်ရဲ့ တာဝန်ကို ခွဲဝေ ထမ်းဆောင်ခဲ့တဲ့ သဘောဖြင့် နောက်မှနေပြီး သူ့အား အမျိုးမျိုး ပြုစုအားပေးခဲ့ပါတယ်။

အဘေ့ခြေရာ နင်းနိုင်အောင်

ယခု သူကွယ်လွန် သွားတော့၊ သူ့ကို ပြုစုရမည့်အစားသူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ ဘက်တွင် ပါဝင်ထမ်းပြီး သူချန်ခဲ့တဲ့ သူ့သွေး သူ့သား၊ မိမိရဲ့ ရင်သွေးကလေးများကို အဘေ့သားများပီပီ အဘေ့ခြေရာ နင်းနိုင်အောင် ပျိုးထောင် ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။

ကံတူအကျိုးပေး

ကျွန်မနဲ့ ကံတူ အကျိုးပေးများဖြစ်ကြတဲ့ အခြား ကျဆုံးသော ခေါင်းဆောင်ကြီးများရဲ့ ဇနီးသယ်များဟာလဲ ကျွန်မလို ၀မ်းနည်း ပက်လက် ဖြစ်ကြမှာဘဲ။ ဒါပေမဲ့ ကျွန်မတို့ဟာ သူတို့ကို ချစ်ရိုးမှန်ရင် သူတို့ ချခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြမှ ချစ်ရာ ကျတော့မယ်။ သူတို့ရည်မှန်းခဲ့တဲ့ လုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင်မတွေ့မြင်လိုက်ကြပေမဲ့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ၀ိုင်းဝန်းအားပေးကြရမှာဘဲ။

နောက်ဆုံးအမှာ

လူထုသို့ ကျွန်မ ပြောလိုတာကတော့၊ မိမိတို့ အားကို ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့်၊ ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာ ဆောင်ရွက်ကြပါ။ သူ ပျိုးထောင်ခဲ့သော ဖ ဆ ပ လ အဖွဲ့ချုပ်ကြီးကို ဆထက်တံပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့တဲ့ လုံးဝလွတ်လပ်ရေးကို မရမနေ ကြိုးပမ်းကြပါ လို့ဘဲ နောက်ဆုံးမှာလိုပါတယ်။


ရည်ညွှန်း၊ Popular Myanmar News Journal မှ တင်ပေးသော ဟံသာဝတီ သတင်းစာဟောင်းအား တိုက်ရိုက် ရိုက်ကူး ပြီး မျှဝေလိုက်ပါသည်။ 

ဒို့ အဖိုး ဒို့ အဖွား တွေရဲ့  ဒို့ ဗိုလ်ချုပ်

[By Shwe Myitmakha Media Group ]  ချယ်ရီမြ
ဗိုလ်ချုပ်အောင်ဆန်းကို စသိတော့ ကျွန်မ(၆)နှစ်သမီးအရွယ် ကျောင်းနေစပါ။(၁၉၄၀ လောက်က ကလေးတွေကျောင်းထား   နောက်ကျကြပါတယ်)၊ စာမဖတ်တတ်သေးပါဘူး၊ဒါပေမယ့် စာတစ်လုံးမှ မတတ်တဲ့အဘွားက ဗိုလ်ချုပ်အကြောင်းကိုစီကာပတ်ကုံးနဲ့ ပုံပြောသလို ခဏခဏပြောပြခဲ့တာပါ၊ အဘိုးက သတင်းစာဖတ်ရင်းဗိုလ်ချုပ်ပုံတွေပါလာရင် ခေါ်ပြလေ့ရှိပါတယ်။


အဲဒီအခါများဆို အဘွားကဝမ်းသာအားရနဲ့“ဟဲ့မြေးလေး ဒီမှာလာကြည့်စမ်း၊ဒါဗိုလ်ချုပ်အောင်ဆန်းပုံတွေ့လား၊ အရွယ်သိပ်မကြီးသေးဘူး၊ ညည်းအဖေလောက်ပဲရှိဦးမှာ၊ သိပ်ချောသိပ်ခန့်တာပဲနော်”လို့ ပြောလေ့ရှိပါတယ် ။
အဘိုးက ဗိုလ်ချုပ်နယ်လှည့်ဟောတဲ့တရားတွေ၊ မိန့်ခွန်းတွေကိုဖတ်ပြရင်လည်းအနားကမခွါတမ်း နားစိုက်ထောင်ပြီးဟုတ်လိုက်လေ ဗိုလ်ချုပ်ရယ်၊လွတ်လပ်ရေးကိုရအောင်တောင်းရမှာပေါ့၊ မှန်လိုက်လေရှင်တပြည်လုံးညီညွတ်ရမှာပေါ့၊ ဒါမှဒီနယ်ချဲ့တွေလက် ကလွတ်မှာအပြောပိုင်လိုက်တာ အမယ်လေးဗိုလ်ချုပ်ရယ် ငါ့သားလေးသာဖြစ်လိုက်ပါတော့နဲ့ ဝမ်းသာအားရထောက် ခံနေပါတော့တယ်၊ မြေးမလေးကျွန်မအဖို့လည်းစစ်ဝတ်စုံနဲ့ဗိုလ်ချုပ်ပုံကို ခဏခဏကြည့်ရပြီး မှတ်မိနေပါတော့တယ်။
အဲဒီတုန်းက ကျွန်မတို့အဘိုးအဘွားတွေသာမက အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေစပ်မိလို့စကားပြောကြရင် ဗိုလ်ချုပ်ကို ကြည်ညိုတယ်တိုင်းပြည်လွတ်လပ်ရေးရအောင် သူပဲလုပ်ပေးလိမ့်မယ်လို့ယုံကြည်ပြီးချစ်ခင်ကြည်ညိုနေကြတာပါ ။
ကျွန်မဖေဖေက ရဲအရာရှိအငယ်စားလေးပါ၊ တောဂတ်(ရဲစခန်း)တွေမှာလှည့်လည်တာဝန်ကျလေ့ရှိလို့အစ်ကိုနဲ့ကျွန်မက မြို့မှာနေခဲ့ပြီး
ကျောင်းနေရပါတယ်၊ မေမေကဖေဖေနဲ့လိုက်သွားပြီး တစ်လတစ်ခါလောက်မြို့တက်လာလေ့ရှိပါတယ်၊ မြို့ရောက်ရင်ဖေဖေက
မျက်နှာဖြူခရိုင်ရဲဝန်ကြီးဆီဝင်တွေ့ပြီး အလုပ်ကိစ္စတွေတင်ပြရလေ့ရှိပါတယ်၊အဲဒီအခါမျိုးဆို ဖေဖေဟာ မျက်နှာကြီးနီ အံကြိတ် လက်သီးဆုပ်ပြီးပြန်လာတတ်ပါတယ်။
ဒီကောင်တွေသိပ်လူပါးဝတယ်၊ အင်မတန်ဘုရားထူးခံချင်တယ်လူတွေကိုကျွန်တွေလိုပဲဆက်ဆံတယ်ကျွန်တော်ကဘုရားမထူးချင်လို့
အင်္ဂလိပ်လိုပြောတာကို ခေါင်းခါပြီး ဗမာလိုပြောပါလူကလေး၊သခင်အားလုံးနားလည်တယ်တဲ့၊ ပြီးတော့ မောင်မင်း မောင်မင်းနဲ့
ဘုရားထူးအောင်ကို ခေါ်နေတာပဲလို့ ပြောပါတယ် ။
ဒီတော့အဘိုးက“အေး ဒါကြောင့် ဗိုလ်ချုပ်ကလွတ်လပ်ရေးပေးပါလို့တောင်းတောင်းနေတာပေါ့၊ ရမှာပါကွာ၊ ငါတော့ဗိုလ်ချုပ်ကိုယုံတယ်၊တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ လွတ်လပ်ရေးယူပေးမှာ”လို့ အားပေးပါတယ်၊ တစ်ခါဗိုလ်ချုပ်ဘိလပ်သွားတယ်လို့ သတင်းကြားတော့ အဘွားကလည်း “ဟဲ့ ဗိုလ်ချုပ်က အင်္ဂလိပ်စကားကောင်းကောင်းပြောတတ် ရဲ့လား၊ တော်ကြာ ဘုရားထူးနေရဦးမယ်လို့ပူပန်စွာပြောရှာပါတယ်၊ ဖေဖေကပြုံးရယ်ပြီး ဗိုလ်ချုပ်ကကောလိပ်ကထွက်တာပါဗျ
မပူပါနဲ့အမေရယ်လို့ ဝင်ပြောပေးရတယ်၊ အဲဒီလောက် ဗိုလ်ချုပ်ကိုချစ်တတ်စိတ်ပူတတ်တဲ့အဘွားပါ ။
နောက်ပြီးမေမေနဲ့အဘွားဟာ သတင်းစာထဲကဗိုလ်ချုပ်ပုံတွေကို စိတ်တူသဘောတူကတ်ကြေးနဲ့ညှပ်ပြီး အိမ်နံရံမှာကပ်ကြပါတယ်၊
ဗိုလ်ချုပ်မိန့်ခွန်းပြောနေတဲ့ပုံ ဒေါ်ခင်ကြည်နဲ့ကလေးတွေနဲ့မိသားစုပုံတွေပါပါတယ်၊ အဘွားက အိမ်ကိုဧည့်သည်တွေလာမှဖြင့် “ဒီမှာရှင့်
ဒါဗိုလ်ချုပ်အောင်ဆန်းပုံပေါ့၊ ဒါကဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပုံဟောဒီမယ် သူတို့သားသမီးတွေ ဒါကအကြီးဆုံးအောင်ဆန်းဦးတဲ့၊ ဒါကအလတ်ကလေးအောင်ဆန်းလင်း၊ ဒါလေးကတော့ အငယ်ဆုံးမိန်းကလေး အောင်ဆန်းစုကြည်တဲ့ဘယ့်နှယ်မချောကြ   မလှကြပေဘူးလား အားလုံးမျက်ခုံးမျက်လုံးလှလှလေးတွေနဲ့”လို့ပြောပြောပြရတာလည်း မမောနိုင်အောင်ပါပဲ ။
အဘိုးက၁၂နှစ်သားလောက်ရှိတဲ့ အကိုကြီးကို မင်းလည်းကြီးလာရင်ဗိုလ်ချုပ်လိုစာတော်ရမယ်နော် ပြီးတော့ရိုးဖြောင့်ရမယ် သတ္တိရှိရမယ်လို့ပြောလေ့ရှိပြီး တော်လှန်ရေးတုန်းကဗိုလ်ချုပ်ဦးဆောင်ပြီးဘယ်လိုလှုပ်ရှားကြတာ တိုက်ခိုက်ကြတာစသဖြင့်
ပြောပြပါတယ်။
 ကျွန်မတို့အဖို့ ဗိုလ်ချုပ်ဟာ စံပြပုဂ္ဂိုလ်ကြီးပါ၊တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း ဗိုလ်ချုပ်အပေါ်ကျွန်မတို့ထက်မလျော့တဲ့ စိတ်နဲ့ချစ်ခင်ကြည်ညိုခဲ့တာကို အရွယ်ရောက်လာတော့စာအုပ်တွေဖတ်ပြီး သိခဲ့ရပါတယ် ။
တစ်ခါတော့ ကျွန်မတို့မြောင်းမြမြို့က နေသူရိန် ဆိုတဲ့ဇာတ်ရုံကြီးမှာဗိုလ်ချုပ်လာပြီး တရားဟောပါတယ်၊ကျွန်မတို့မောင်နှမနဲ့  အဘိုးအဘွားအမေကြီးတို့ ရုံဝကသွားစောင့်နေပါတယ်၊လာလိုက်ကြတဲ့လူတွေဆိုတာ တစ်မြို့လုံးအိမ်မှာလူမှ ကျန်ပါ့မ လားအောက်မေ့ရပါတယ်၊ အနီးအနားရွာကလူတွေလည်းမျက်နှာသုတ်ပုဝါကြီးတွေခေါင်းပေါင်းပြီးလာကြတာမှ အုံခဲနေတာပဲ၊
ရုံကြီးထဲမှာ မဆန့်လို့ တချို့အနီးအနားကသစ်ပင်တွေပေါ်တောင်တက်ပြီးဗိုလ်ချုပ်မိန့်ခွန်းကို နားစွင့်ကြပါတယ်၊ လူမမြင်ရလည်း အသံမှကြားပါစေတော့ဆိုတဲ့စိတ်နဲ့ပေါ့ရှင် ။
 ကျွန်မဆို လူကြားထဲညပ်ပြီး ဘာမှမမြင်ရပါဘူး အဘိုးထမ်းပြလို့ဗိုလ်ချုပ်ရဲ့ဦးထုပ်အစွန်းလေးကိုပဲ ရိပ်ခနဲ တွေ့လိုက်ရပါတယ်၊
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ အားမာန်ပါတဲ့အသံနဲ့ လွတ်လပ်ရေး၊နယ်ချဲ့ဝါဒ၊ စည်းလုံးကြ ဆိုတဲ့စကားလုံးတွေကိုတော့ မှတ်မိလိုက်ပါတယ်။
မိုးတွေအုံ့နေတဲ့သောကြာနေ့တစ်ညနေမှာ မေမေနဲ့ဖေဖေ ထုံးစံအတိုင်းမြို့ကိုတက်လာပါတယ်၊ ဖေဖေ့အလုပ်ကိစ္စနဲ့ပါပဲ၊ မေမေက
ပြောင်းဖူးတွေအိတ်လိုက်သယ်လာတာမို့ကျွန်မတို့မောင်နှမအကြိုက်တွေ့နေပါတယ်၊ နောက်တစ်နေ့က စနေနေ့ ကျောင်းပိတ်တော့ မေမေတို့အနားပိုကပ်ခွင့်ရတာပေါ့၊ အဲဒီနေ့ကတော့၁၉၄၇ခုနှစ် ဇူလိုင်(၁၉)ရက်နေ့ပါပဲ။
ဖေဖေကမြို့ရောက်တုန်း ရုပ်ရှင်ညပွဲသွားကြည့်မယ် ပြောထားလို့အကိုကဂျွမ်းထထိုးပါတယ်၊ မေမေတို့လာတဲ့အခါမှ ရုပ်ရှင်ကြည့်ရတာဆိုတော့ကျွန်မတို့အဖို့ ပျော်စရာကိစ္စတစ်ခုပေပဲပေါ့။
အဲဒီနေ့က မိုးဟာတစ်နေ့လုံး တစိမ့်စိမ့်ရွာနေလို့အနွေးထည်တောင်ထပ်ဝတ်ထားရပါတယ်၊ ဒါနဲ့ပဲအဘွားကကလေးတွေ    အအေးမိပြီးဖျားနာနေဦးမယ် မင်းတို့ဘာသာဓါတ်ရှင်သွားကြည့်ကြလို့ပြောလိုက်တော့ ကျွန်မက တွန့်လိမ်ကောက်ကွေးပြီး ငိုတာပေါ့၊ အစ်ကိုကလည်းအခန်းထောင့်မှာ မှုန်ကုပ်ကုပ်လုပ်နေတာပေါ့လေ၊ အဘိုးကနေသာတဲ့နေ့ကျလိုက်ပြပါ့မယ်လို့ချော့သလို   ဖေဖေကလည်း ပြန်လာရင်သကြားလုံးတွေဝယ်လာခဲ့မယ်ပြောပြီး မေမေနဲ့ထွက်သွားပါတော့တယ် ။
တကယ်တော့ ရုပ်ရှင်ရုံနဲ့ မြို့ပါတ်လမ်းမှာရှိတဲ့ ကျွန်မတို့အိမ်ကဝေးပါတယ်၊ ရုပ်ရှင်ရုံက မြို့လည်ကောင်မှာရှိတာပါ၊ အဲဒီခေတ်က ဆိုက္ကားမရှိမြင်းလှည်းမရှိ ဘတ်စ်ကားဆိုဝေးရော စက်ဘီးနဲ့ ခြေလျင်ပဲသွားကြရတာပါ၊ကျွန်မလည်း မျက်ရည်စက်လက်နဲ့ အဘွားရင်ခွင်ထဲမှာထိုင်ကျန်ခဲ့ပါတယ်၊ အဘွားကအိပ်ယာထဲချော့ခေါ်ပြီး စောင်နဲ့ထွေးပွေ့ပေးလို့သိပ်တာနဲ့ ကျွန်မအိပ်ပျော်သွားခဲ့ပါတယ်၊
ဘယ်လောက်ကြာသွားလဲမသိပါဘူး၊ ကျွန်မနားထဲမှာ စကားတိုးတိုးပြောသံတွေငိုသံတွေလိုလိုကြားပြီး လန့်နိုးလာခဲ့ပါတယ်၊ ဘာတွေဖြစ်နေတာလဲတွေးပြီးအခန်းဝကသွားရပ်ကြည့်တော့ အဘွားနဲ့မေမေကခေါင်းချင်းဆိုင်ပြီးငိုနေကြပါတယ်၊ အဘွားရဲ့ရှိုက်သံက ပိုပြင်းသလိုပါပဲ၊ဖေဖေက လက်ပိုက်အံကြိတ်ပြီးနံရံကိုမှီထိုင်နေပါတယ်၊
မျက်နှာကြီးက ကြောက်စရာကောင်းလောက်အောင်တင်းမာလို့၊ အဘိုးကတင်ပလ္လင်ခွေထိုင်ပြီး ခေါင်းငိုက်စိုက်ချထားပါတယ်၊
ကျွန်မကြည့်နေတုန်းမှာပဲ အဘိုးဟာလက်သီးကျစ်ကျစ်ဆုပ်ပြီး ကြမ်းပြင်ကိုဒုန်းဆိုထုချလိုက်ပါတယ်။
နောက် တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်ပြီး မိုက်ရိုင်းလိုက်တာကွာ ဒါလူကိုခွေးကသတ်တာကွ လို့ အသံတုန်ကြီး နဲ့ပြောနေပါတော့တယ်၊ အဘွားကတစ်ခါတည်းစင်းစင်းသေကြရောလား ဗိုလ်ချုပ်ကိုမကယ်နိုင်ခဲ့ကြတော့ဘူးလားလို့
ငိုသံပါကြီးနဲ့မေးနေတုန်း အိမ်နားကလူကြီးသုံးလေးယောက် ရောက်လာကြပါတယ်။
“မောင်ချစ်တင်၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရလို့ဆို ဟုတ်သလား”“ဟုတ်တယ်ဦးကြီးစိန်၊ ကျွန်တော်တို့ ဘိုင်စကုတ်သွားကြည့်တာ ဘာကားမှမပြဘဲအဲဒီသတင်းပဲထိုးပြီးရုံပိတ်လွှတ်လိုက်တယ်၊ ဗိုလ်ချုပ် ဦးဘဝင်း၊ဦးရာဇတ်အပါအဝင်အားလုံးကိုးယောက်တဲ့၊ အကုန်လုံးဆူညံကုန်တာပဲ၊ကျွန်တော်တို့လည်း အိမ်ပြန်ပြေးလာကြတာ”
“တို့တိုင်းပြည် ဘယ်လိုဖြစ်သွားမလဲ၊ လွတ်လပ်ရေးကော ရပါတော့မလားဗိုလ်ချုပ်ပဲအားကိုးနေရတာ ”
“ဘယ်သူတွေလုပ်ကြံတာလဲ ဗိုလ်ချုပ်ကို ဘယ်သူသတ်တာလဲ ”ဒီတုန်းကဖေဖေမဖြေခဲ့ပါ၊ သူသိသလောက်မပြောသေးတာ
တရားဝင်သတင်းမထုတ်ပြန်သေးသရွေ့စောင့်ထိန်းရမယ်လို့ရဲအရာရှိတစ်ယောက်အနေနဲ့သဘောပေါက်လို့ ဖြစ်မှာပါ၊
“တိုင်းရေးပြည်ရေးက ဘာတွေဖြစ်လာမလဲမသိသေးဘူး၊ ဦးတို့သတိနဲ့နေကြပေါ့၊ဖေဖေ ကျွန်တော်မနက် ဂါတ်ကိုပြန်မယ်၊ မမြရှင်က မလိုက်ခဲ့နဲ့ဦး၊ကလေးတွေနဲ့ ဒီမှာပဲနေခဲ့”
အဲဒီနေ့ကစပြီး တစ်မြို့လုံးခြောက်သွေ့တိတ်ဆိတ်သွားပါတော့တယ်၊ဗိုလ်ချုပ်တို့ကျသွားတယ်  ဆိုတဲ့သတင်းဟာ လူအားလုံးကို ညှိုးချုံးစေပါတယ်၊
ကျွန်မတို့ ကျောင်းလည်းမသွားရသေးပါဘူး၊ မျက်ရည်တစမ်းစမ်းဖြစ်နေတဲ့အဘွားတို့ကြည့်ပြီး ကစားချင်စိတ်လည်းမရှိ၊ လူကြီးတွေမရွှင်တာနဲ့ကလေးတွေလည်း စိတ်ပျော်စရာကိစ္စမရှိတော့သလိုပါပဲ။
ကျွန်မတို့မြို့က ရန်ကုန်နဲ့ သင်္ဘောတစ်ညအိပ်ခရီးပါ၊သင်္ဘောတစ်ရက်ခြားပဲဆိုက်လို့ သတင်းစာက ရက်ကျော်မှဖတ်ရပါတယ်၊
သင်္ဘောဆိုက်တဲ့နေ့ အဘိုးကအစောကြီးသွားပြီး စောင့်ဝယ်ရပါတယ်၊
သတင်းစာတွေက ရက်ကျော်ပေမယ့် လုပ်ကြံမှုသတင်းသိချင်လွန်းလို့ စောင့်ဝယ်ကြတာရောင်းမလောက်အောင်ပါပဲတဲ့၊ သင်္ဘောဆိုက်တဲ့အချိန်လောက်ပဲမြို့မှာလူစည်ပါသတဲ့၊ ရန်ကုန်ကပြန်လာတဲ့လူတွေကို ဗိုလ်ချုပ်တို့ကိစ္စသတင်းတွေမေးကြစုံစမ်းကြ ပြီးရင်လူစုကွဲသွားပြီး ကိုယ့်အိမ်ကိုယ်ပြန်အချင်းချင်းတိုးတိုးပြောကြနဲ့တဲ့ ဈေးဆိုင်တွေလည်း စုံအောင်မဖွင့်ကြဘူး။
လ္ဘက်ရည်ဆိုင်တွေလောက်ပဲခဏဖွင့်တာပါ၊ အထည်ဆိုင်၊ စတိုးဆိုင်တွေလည်းမဖွင့်ပါဘူး အသီး အရွက် သားငါးသည်တွေလည်း နည်းနည်းပါးပါးပဲလာသတဲ့တောပိုင်းကလှေတွေနဲ့ တက်ပြီး ဈေးရောင်းတဲ့ သူတွေလည်း လာကိုမလာကြတာတဲ့။
ကျွန်မတို့ မြို့မှာ ဒီတုန်းက ရေဒီယိုဆိုတာအလွန်ရှားပါတယ်။စာတိုက်မှာတစ်လုံး မြို့လည်ကတရုတ်သူဌေးအိမ်မှာတစ်လုံး ဗမာသူဌေးနှစ်ယောက်လောက်အိမ်မှာတစ်လုံးစီ ဒါပဲ ရှိတာပါ။ညဘက်သတင်းကြေညာချိန်ဆိုအဲဒီအိမ်တွေနားမှာမှောင်ရိပ်ခိုပြီး သွားနားထောင်ကြရပါတယ်။
 ရေဒီယိုကိုကျယ်ကျယ်လေးဖွင့်ထားပေမယ့် ခြံတံခါး၊အိမ်တံခါးတွေတော့ပိတ်ထားသတဲ့။ ဘယ်သူ့ကိုမှန်းမသိ၊ ဘာမှန်းမသိ ကြောက်နေကြရတာတဲ့ ခရိုင်ရဲဝန်ကြီးရဲ့ အိမ်ကရေဒီယိုကတော့ဖွင့်ပုံမရပါဘူး၊ ရဲအစောင့်တွေအများကြီး ချထားလို့ဘယ်သူမှ အနားတောင်မကပ်ဝံ့ပါဘူးတဲ့။
ည ညဆိုစစ်ကားတွေအရေးတကြီး ပုံစံနဲ့ ဒလကြမ်းမောင်း မောင်းသွားရင်ဘာမှန်းမသိကြောက်ကြရပြန်ရော၊ ဖေဖေကလည်း ပြန်မလာနိုင်ပါဘူး၊အမြဲတမ်းအသင့်အနေအထားနဲ့နေပြီး ကျေးရွာလုံခြုံရေးရော၊ရဲစခန်းလုံခြုံရေးရောသတိနဲ့နေ ရကြောင်း စာလာလို့ သိရပါတယ်။
ဗိုလ်ချုပ်တို့ရဲ့ ရုပ်ကလာပ်ပုံတွေကိုကြည့်ပြီး မေမေက -သူ့ခမျာအငယ်လေးနဲ့ မုဆိုးမဖြစ်ရရှာတယ်၊ ကလေးတွေလည်း အငယ်သားလေးတွေလို့ဒေါ်ခင်ကြည့်ပုံကိုကြည့်ပြီး ဂရုဏာသက်နေပါတယ်။
 အဘွားကတော့ -ရန်ကုန်လိုက်ပို့ ဗိုလ်ချုပ်တို့ကို သွားကြည့်ချင်ပါတယ်လို့အဘိုးကိုနားပူပါတယ်။
အဘိုးက တည်းခိုဖို့အိမ်လည်း မရှိ၊ အသိလည်းမရှိတဲ့ အပြင်အဲဒီမှာလူတွေကျိတ်ကျိတ်တိုးနေလို့ တန်းစီရမယ့်အကြောင်း၊
အိမ်မှာကလေးတွေနဲ့ မေမေဘဲကျန်ခဲ့မှာစိတ်မချရတဲ့ အကြောင်း၊တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေကြောင်းပြောပြီး အတော် နားချရပါတယ်။
ဗိုလ်ချုပ်တို့ကိုလုပ်ကြံတာဂဠုန်ဦးစောခေါင်းဆောင်တာပါဆိုတာသိပြီးနောက်ပိုင်း အဘိုးဟာ သူ့ကိုယ်ပေါ်မှာထိုးထားတဲ့ ဂဠုန်ရုပ် ကိုမုန်းလွန်းလို့အရေပြားခွာပစ်ချင်ပါသတဲ့။
ဗိုလ်ချုပ်တို့ကျဆုံးလို့ရက်လည်တဲ့နေ့မှာတော့ အဖွားနဲ့ မေမေဟာ ထမင်းဟင်းအချိုပွဲ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီးဘုန်းကြီးကျောင်း ကို ရက်လည်ဆွမ်းဆိုပြီး သွားကပ်ကြပါတယ်၊ ကျောင်းမသွားခင်အိမ်ကဘုရားမှာ ဆွမ်းပွဲ အချိုပွဲများကပ်လှူပြီးတော့   ကြေးစည်ထုကာအဘွားက-ဗိုလ်ချုပ်နှင့်အတူကွယ်လွန်သွားတဲ့ခေါင်းဆောင်ကြီးများအားလုံး အမျှ အမျှအမျှ ပေးဝေ  ပါတယ်၊ ဒီလိုအဖြစ်ဆိုးများ ဒီဘဝမှာတင်ကျေကြပါစေ၊ကိုအောင်ဆန်းရေ သားရေ အမျှ ကွဲ့ အမျှ အမျှ လို့ ငိုသံပါကြီးနဲ့ တတွတ်တွတ်ပြောနေပါတော့တယ်။
အခု ကျွန်မအသက် (၇၃)ထဲမှာပါ။ အဘိုး၊ အဘွား၊မိဘများလည်းကွယ်လွန်ကြရှာပါပြီ၊ အာဇာနည်နေ့ကိုလည်းအကြိမ်ကြိမ် ဖြတ်သန်းပြီးပါပြီ။ တနှစ်တခါ ဒီလိုနေ့ရောက်တိုင်းအဘိုးအဘွားတို့ကိုပိုသတိရမိပါတယ်။ သူတို့ကိုလွမ်းဆွတ်သလောက်
သူတို့ချစ်တဲ့ ဗိုလ်ချုပ်တို့ကိုချစ်ခင်လွမ်းဆွတ်မိတာပါပဲရှင်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်စရိုက်

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည်  ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက်  ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး)  သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ  ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက  ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ  ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင်  ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့်  အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊  ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို  တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ ဗိုလ်ချုပ်သည်  မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍  ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ  ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ  တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက်  ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ  ဖြစ်သည်။
“ဘာများလည်း ဗိုလ်ချုပ်”
ကျွန်တော်ထုံးစံအတိုင်  သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ  (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက်  သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု  စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို  ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။
ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား  နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က  ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။  ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ  တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍  ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့  ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ်  လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်  အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ \[မှတ်ချက်။  ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို  ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ်  သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော  ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့်  လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့်  ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ  အပြစ်မဆိုသာပါချေ။ စာရေးသူ
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး  စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း  တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည်  လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍  ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့  သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့်  ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု  ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း  ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့်  ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော်  ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊  ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း  လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”
ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ  ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း  ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊  ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့  တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း  စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်  မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။  မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ  ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော  ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။  ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း  ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည်  အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ  ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင်  ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ  မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့်  ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး  ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
“ဒီမယ် ခင်ဗျားကျုပ်ကို  သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့  လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ်  စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက်  မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ်  လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်  ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ  မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ  ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက်  နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့်  စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း  ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး  ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန်  အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ  တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း  အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား  ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း  တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။  နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း  (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့်  ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို  ရှင်းပေးလိုက်ရပါသည်။
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း  သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း  ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့  အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ

"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။ ဒါကို ငါလည်း သိတယ်..။ မင်းတို့ ဗြိတိသျှတွေလည်း သိတယ်..။ ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။


(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေးဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည်ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာ ကို ချဲတဲ့ စကား..)
 ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန်ကာလရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘီဘီစီ ရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူသလဲ" (Who Killed Aung San?, 1993) စာအုပ်လို နဲ့ အခြား သမိုင်းစာအုပ်တွေမှတဆင့် သိခွင့်ရလို့ လူအများ စဉ်းစားဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။
ဒီရှုပ်ထွေး နက်နဲပြီး အရုပ်ဆိုးလှတဲ့ နိုင်ငံရေး လုပ်ကြံမှုကြီးရဲ့ အခြားနောက်ခံ ကွင်းဆက်ဖြစ်တဲ့ စစ်တပ်၊ အထူးသဖြင့် ဗိုလ်နေဝင်း ရဲ့ လက်ချက်မကင်းပုံတွေကိုလည်း အထက်မှာ ဆိုခဲ့တဲ့ အစီအစဉ် နဲ့ စာအုပ် မှာ တစွန်းတစ တွေ့နိုင်၊ မြင်နိုင်..၊ စဉ်းစားသုံးသပ် နိုင်ပေမယ့် လူတွေအကြား.၊ အထူးသဖြင့် လူငယ်တွေအကြား သိပ်သတိမထားမိကြဘူးလို့ ထင်တယ်..။
  
ကြေးမုံဦးသောင်းရဲ့ စာအုပ်တွေ ဖတ်ရင် ဗိုလ်နေဝင်းဟာ ဂျပန်မှာ စစ်ပညာသင်စဉ်ကာလ က စပြီး နောက်ပိုင်း တလျှောက်လုံး စစ်တပ်ရာထူး အထွပ်အထိပ်ကို ရောက်နိုင်ဖို့ အမျိုးမျိုးကြံစည် လုပ်ဆောင်ခဲ့ပုံတွေကို သိနိုင်တယ်..။
အခြား သမိုင်းနောက်ခံ စာအုပ်တွေ ဖြစ်တဲ့ သိန်းဖေမြင့် တို့..၊ သခင်တင်မြ တို့ စာတွေမှာလည်း ဗိုလ်နေဝင်း ဂျပန်ခေတ်မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး တို့နဲ့ ဆရာမွေး၊ တပည့်မွေး လုပ်ကြပြီး မြေအောက်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့ သွားတွေ့..၊ ညှိ..၊  ဂျပန် လက်နက်ကိုင် တော်လှန်ရေး စလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ..၊ သခင်စိုး က သူတို့ စစ်တပ်ကလူချင်း အာဏာလုပွဲမှာ ငါက ဘာလို့ ခေါင်းခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်တာတွေ စတဲ့ ဗိုလ်နေဝင်ရဲ့ အထက်ကို ဖြတ်လမ်းက ရောက်ဖို့ ကြံခဲ့တဲ့ ကလိမ်ဥာဏ်တွေကို သိနိုင်တယ်..။
ဂျပန်တော်လှန်ရေး တကယ်စတော့လည်း ဗိုလ်နေဝင်းဟာ သူ တာဝန်ကျတဲ့ ဒေသမှာ မနေဘဲ ရန်ကုန်မှာ ဂျပန်ဆုတ်တဲ့ သတင်းကြားတော့ ရန်ကုန်ကို အမိန့်မရဘဲ သွား၊ သူတကယ် မပါခဲ့ဘဲနဲ့ ခပ်တည်တည် နဲ့ သူဦးဆောင်တဲ့ ဗမာ့တပ်မတော် က ရန်ကုန်ကို သိမ်းလိုက်ပြီ ဖြစ်ကြောင်း သူ့လက်မှတ် နဲ့ စာထုတ်..၊ မြန်မာ့အသံမှာ လွှင့် စတာတွေ လုပ်ပြီး ဝင်လာတော့မယ့် ဗြိတိသျှ ကို သူဟာ ဗမာစစ်တပ်ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ လုပ်ခဲ့တယ်..။ သခင်စိုးတောင် မျက်စေ့ မလည်ခဲ့တဲ့ အကွက်ကို လူပါးတွေဖြစ်တဲ့ ဗြိတိသျှ တွေကလည်း ပိုနားလည်တဲ့အတွက် နောက်ပိုင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဗိုလ်ချုပ် နဲ့ သာ လုပ်ခဲ့တယ်..။
  
ဂျပန်တော်လှန်ရေး အတွက် နောက်ဆုံး ဗိုလ်ချုပ်အိမ်မှာ ဆွေးနွေးကြတော့ ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို မယုံကြည်တဲ့အတွက် တာဝန်တွေကို လျှော့ချပစ်ခဲ့တယ်..။ မယုံကြည်နိုင်လောက်တဲ့ အကြောင်းတွေကလည်း ရှိခဲ့တယ်..။ ဗိုလ်နေဝင်းဟာ စစ်ကြို အင်္ဂလိပ်ခေတ် ကောလိပ်ကျောင်းသားဘဝ နဲ့ နောက်ပိုင်း စာတိုက်စာရေး ဘဝတွေမှာ အပျော်အပါး လောင်းကစားကြောင့် အမြဲ ငွေလိုနေတဲ့အတွက် အင်္ဂလိပ်အစိုးရရဲ့ သတင်းပေး လုပ်ပေးဖူးခဲ့တယ် ဆိုတဲ့ သံသယ အကြောင်းတွေ ရှိတယ်..။ ဒါအပြင့် ဂျပန်ခေတ်ရောက်တော့ အထက်မှာဆိုသလို ရာထူးလိုချင်တာကြောင့်ပါ ဂျပန်တွေနဲ့ ပလူးပလဲ နေခဲ့တယ်..။ ဗိုလ်နေဝင်း သိနေတဲ့ အင်္ဂလိပ်ဘက်က ချန်ခဲ့တဲ့ သူလျှိုတွေ ဂျပန် ဖမ်းပြီး အသတ်ခံခဲ့ရဖူးတဲ့ သာဓက တွေ ရှိတော့ အားလုံးက ဗိုလ်နေဝင်း ဂျပန်သတင်းပေးလည်း လုပ်နေပြီလားဆိုပြီး ဂျပန်တော်လှန်ရေး စမယ့်အချိန်မှာ သံသယနဲ့ ကြောက်နေတယ်..။ သို့သော် ဗိုလ်ချုပ်က သူလျှိုမှုနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရေးယူတာမျိုးတော့ မရှိခဲ့ဘူး..။
ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို ဟိုင်နန် မှာကတည်းက အသက်အရွယ်အရ ရယ်..၊ တဘက်ဂိုဏ်း (သခင် ဗစိန်- ထွန်းအုပ် ဒို့ဗမာအစည်းအရုံး) က သူလည်း ဖြစ်တဲ့ အတွက် ညီညွတ်မှု ပြချင်တာရယ် အပြင် သူ ရဲ့ ဥာဏ်ကောင်း၊ ထက်မြက်..၊ အထက်လူကြီး ခိုင်းရင် ဖင်ပေါ့ သွက်လက် လုပ်ပေးတတ်တဲ့ အကျင့်ကြောင့် မျက်နှာသာ ပေးခဲ့တယ်..။
  
ဒါပေမယ့် ရဲဘော် သုံးကျိပ်မှာ အထက်အောက် အဆင့်အရ သူအထက်မှာ ပိတ်ခံနေတဲ့ သူတွေ အများကြီးဆိုတာ သိတဲ့အပြင်..၊ သူရဲ့ နိုင်ငံရေး အရည်အချင်း မရှိမှု..၊ နောက်ခံ သမိုင်း မကောင်းမှုတွေကြောင့် ထိပ်ဆုံး မရောက်နိုင်ဘူးဆိုတာကို ဗိုလ်နေဝင်းက အဲ့ဒီ အချိန်ကတည်းက ကောင်းကောင်းနားလည်ထားပြီး ဖြစ်တဲ့အတွက် မကျေမနပ် ဖြစ်နေကာ  ထိပ်ကို လှမ်းနိုင်ဖို့ အောက်လမ်းနည်းအမျိုးမျိုးနဲ့ အမြဲ ကြံစည်ခဲ့တယ်..။
ရဲဘော် သုံးကျိပ်မှာ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်ချုပ်..၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ သခင်ထွန်းအုပ်..၊ ဒုတိယ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်လင်္ကျာ (သခင်လှဖေ)..၊ နောက်စစ်ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ဇေယျ (သခင် လှမောင်)..၊ ဗိုလ်စင်္ကြာ (သခင်အောင်သန်း၊ သခင် ဗစိန်- ထွန်းအုပ် ဂိုဏ်း) တို့ ဟာ ဗိုလ်နေဝင်း ရဲ့ အထက် အဆင့်အနေနဲ့ ရှိခဲ့တယ်..။
ဘီအိုင်အေ တပ် ယိုးဒယားကနေ ဗမာပြည်ကို စဝင်တော့ သူ့ကို ရှေ့ပြေး တပ်အဖြစ်နဲ့ လျှို့ဝှက် မြေအောင် အဖျက်လုပ်ငန်းတွေ လုပ်ဖို့ လွှတ်လိုက်တယ်..။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ မလုပ်ဘဲ ရန်ကုန်မှာ မြေအောင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတွေဆီ သွားပြီး ပုန်းနေခဲ့တယ်..။
  
ယိုးဒယား မှာ ရဲဘော်သုံးကျိပ် လက်မောင်းသွေးဖောက် သောက် သစ္စာကတိပြုကြတော့ ဗိုလ်နေဝင်းက ဖာအိမ်ရောက်နေလို့ မပါခဲ့ဘူးလို့ အတည်မပြုနိုင်တဲ့ ဆိုရိုးရှိတယ်..။
[ ဒါကြောင့် ၁၉၄၈ လွတ်လပ်ရေး ရပြီး တပ်တချို့ တောခိုတော့ အစ ဗိုလ်နေဝင်းက စစ်တပ်ကို ဦးဆောင်ပြီး တောခိုမယ်..၊ ဦးသိန်းဖေမြင့်က နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ တောခိုမယ်ဆိုတဲ့ အကြံအစည်ကို ဗိုလ်နေဝင်း ကတိသစ္စာ ဖျက်ခဲ့တာဟာ လက်မောင်း သွေး မသောက်ခဲ့လို့ဆိုပြီး အဆိုရှိတယ်..။ ရိုးတဲ့ ဗိုလ်ဇေယျာကတော့ တောထဲပါသွားခဲ့တယ်..။ ]
  
ဦးသိန်းဖေမြင့် ကို အဲ့အချိန်မှာ သူ့သူငယ်ချင်း ဦးကျော်ငြိမ်းက တောမခိုစေချင်လို့ နေအိမ်ကို ထမင်းစား ဖိတ်ပြီး ထောင်ထဲ ထည့်ထားလိုက်တယ်..။ ဗိုလ်နေဝင်း လိုက်မသွားတာကတော့ တောခိုတဲ့ အဖွဲ့အစည်းတွေနဲ့ အနေနဲ့ အာဏာရဖို့က မသေချာတာရယ်..၊ လက်နက်ကိုင် ရောင်စုံ အဖွဲ့အစည်းတွေ တောခိုနေပြီး ဖြစ်လို့ အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ ဦးနု အစိုးရ ကို စစ်တပ် ခေါင်းဆောင် အနေနဲ့ အကြပ်ကိုင် ရာထူးတောင်းတာက ပိုသေချာတဲ့ အတွက် လို့ ယူဆရတယ်..။ တကယ်လည်း ရာထူးရခဲ့တယ်..။ တကယ် တိုက်ပေးရတာကတော့ နာမည်ကျော် ဗိုလ်မှုးချုပ် ကျော်ဇောပဲ ဖြစ်တယ်..။ ဗိုလ်မှုးချုပ် ကျော်ဇော က ကိုယ်တိုင်ဦးဆောင်ပြီး ရန်ကုန်အစိုးရ လို့ နိုင်ငံတကာ မှာ လူအဟားခံ ဖြစ်နေရတဲ့ အခြေအနေကနေ နိုင်အောင် တိုက်နိုင်ခဲ့တယ်..။
[ ဗိုလ်မှုးချုပ် ကျော်ဇော ကိုယ်တိုင်လည်း အဲ့တုန်းကတော့ ကရင်ကို တိုက်ရတာ နယ်ချဲ့ပယောဂကြောင့် ဆိုပြီး မှန်တယ်လို့ ယူဆဖူးတဲ့ အကြောင်း သူ့ ကိုယ်တိုင်ရေး စာအုပ်မှာ ဝန်ခံဖူးတယ်..။  စကားမစပ် - ဗိုလ်မှုးချုပ် ကျော်ဇော အကြောင်းကို သူကိုယ်တိုင် ရေးတာအပြင် ဦးလွင်၊ ဦးတင်ဦး တို့ ပြောတာတွေကကို လူငယ်တွေ ရှာပြီး ဖတ်စေချင်တယ်..။ တကယ့် စစ်သားကောင်းကြီး အကြောင်းကို သိရမယ်..။ ]
ဂျပန်ခေတ် တလျောက်လုံး ဗိုလ်နေဝင်း ရဲ့ စစ်တပ်ရာထူးဟာ သူရဲ့ လောင်းကစား ဝါသနာ၊ မိန်းမ လိုက်စားမှု စတဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် ဗိုလ်ချုပ်ရဲ့ အမြဲ ရာထူးချလိုက်..၊ တက်ပေးလိုက် လုပ်ခြင်းခံရတယ်..။ ဗိုလ်ချုပ်က ဗိုလ်နေဝင်း မကောင်းမှန်းသိပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး အတတ်နိုင်ဆုံး သက်ညှာစဉ်းစားပေးခဲ့တယ်..။
ဒီအားနည်းချက်မျိုး ဦးနုမှာလည်း ရှိခဲ့တယ်..။ ဗိုလ်နေဝင်း လင်ကြီး ငုတ်တုတ်ရှိတဲ့ ဒေါ်ခင်မေသန်းကို ယူတော့ ဒါဟာ တရားဥပဒေ အရ ကော…၊ လူမှု ကျင့်ဝတ်အရပါ လက်ခံနိုင်စရာ မရှိတဲ့အတွက် အင်မတန် ဘာသာတရား ကိုင်းရှိုင်း..၊ အကျင့်သီလ စင်ကြယ်တဲ့ ဦးနုက စစချင်းမှာ လုံးလုံး သည်းမခံဘဲနဲ့ ဗိုလ်နေဝင်းကို ရာထူးက အနားပေးဖို့ ဆုံးဖြစ်ခဲ့တယ်..။ ဒါကို ဗိုလ်နေဝင်းကြားတော့ ဆိုရှယ်လစ် ခေါင်းဆောင်တွေက တဆင့် ဦးနုကို ရှိခိုးမတတ် တောင်းပန် ဦးညွှတ်၊ မှားမိကြောင်း ဝန်ခံတယ်..။ ကျန်တဲ့ သူတွေကိုလည်း ဦးနုကို ဖြောင်းဖျ ပေးဖို့ လိုက်တောင်းပန်တယ်..။ ဒါနဲ့ပဲ  ဦးနုရဲ့ ဗိုလ်နေဝင်းကို ဖြုတ်ရေး အစီအစဉ် အကောင်အထည် မပေါ်ခဲ့ဘူး..။ ဗမာပြည် ကံဆိုးခဲ့တဲ့ အကြောင်းတချက်လို့တောင် ဆိုနိုင်တယ်..။ 
ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်၊ လင်္ကျာ-ဖရီးမင်း တို့ အရ ဖွဲ့စည်းခဲ့တဲ့ ခေတ်သစ် ဗမာ့တပ်မတော် ရာထူးအဆင့်မှာလည်း ဗိုလ်ချုပ် တပ်ကနေ အနားယူသွားပြီ ဖြစ်တဲ့အပြင် ဗိုလ်ဇေယျ (ကြည်း ၃၅၀၃) ထက် အမှတ်စဉ် တဆင်ြ့မင့်တဲ့ (ကြည်း ၃၅၀၂) အမှတ်စဉ်ကို အကြောင်းအမျိုးမျိုးကြောင့် အရယူနိုင်ခဲ့ပေခဲ့ အထက်မှာ ဗိုလ်လင်္ကျာ (ကြည်း ၃၅၀၁) အပြင် အခြား အင်္ဂလိပ် တပ် က ဗိုလ်မှုးချုပ် စမစ်ဒွန်း (ဒုတိယ ကမ္ဘာစစ်အတွင်းက ဗိုလ်မှုးကြီး လေးပေ လို့ နာမည်ကြီးခဲ့တဲ့ နောက် ဗမာ့တပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ သူ)..၊ ဗိုလ်မှုးကြီး စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ် စစ်တက္ကသိုလ် ဆင်း) တို့လို ဝါရင့် ကရင် စစ်ဗိုလ်ကြီးတွေ ရှိခဲ့တဲ့ အတွက် ဗိုလ်နေဝင်းဟာ သူရဲ့ စစ်တပ် ရာထူးတက်ရေး ရည်မှန်းချက် အလှမ်းဝေးနေဆဲဖြစ်ကြောင်းကို ကောင်းကောင်းသိခဲ့တယ်..။ အောင်ဆန်း-အက်တလီ စာချုပ်၊ နု-အက်တလီ စာချုပ်၊ လင်္ကျာ-ဖရီးမင်း၊ အစရှိတဲ့ သမိုင်းမှတ်တိုင်တွေသာ ရှိတဲ့ ဗမာ့ လွတ်လပ်ရေး နဲ့ ဗမာ့တပ်မတော် သမိုင်းမှာ သူဟာ ညစ်ပတ်တဲ့ ဖြတ်လမ်းနည်းမှ မသုံးရင် ထိပ်ဆုံးမရောက်ဘူးဆိုတာကိုလည်း ဗိုလ်နေဝင်း ကောင်းကောင်း သိခဲ့တယ်..။
  
ဗိုလ်နေဝင်းဟာ အထက်မှာ ဆိုသလို ရာထူးကြောင့်ရယ်..၊ နိုင်ငံရေးအရ အစစ အရာရာ သူ့ထက်သာတဲ့ ဗိုလ်ချုပ်အပါအဝင် သူ့အထက်က သူအားလုံးကို မလိုမုန်းတီမှု ရှိခဲ့တယ်..။ ဗိုလ်ချုပ် အပေါ်မှာဆို ပုဂ္ဂိုလ်ရေး မုန်းတီးမှုပါ ရှိခဲ့တယ် လို့ ဆိုကောင်းဆိုနိုင်တယ်..။
  
အကြောင်းက ဗိုလ်နေဝင်းဟာ ဂျပန်ခေတ် စစ်ရုံး (ပျဉ်းမနား) မှာ တာဝန် ထမ်းဆောင်နေရင်းနဲ့ သူ့အကျင့် အတိုင်း တပ်ထဲမှာ မိန်းမပျက်..၊ မိန်းမရွှင်..၊ မိန်းမကောင်း မျိုးစုံ နဲ့ ဇိမ်ခန်း သဖွယ် ပျော်ပါးလေ့ရှိတယ်..။ တဖြည်းဖြည်းနဲ့ အဲ့အကြောင်းက ဗိုလ်ချုပ်နား ရောက်သွားတယ်..။ အဲ့အချိန်လောက်မှာပဲ ဗိုလ်နေဝင်းက ပျဉ်းမနားမှာ မိန်းမကောင်း တစ်ယောက်ကို ကျူးလွန်တဲ့ အဓမ္မ မုဒိမ်း ကျင့်မှု ဖြစ်တယ်..လို့ဆိုတယ်။ အဲ့တော့ ဗိုလ်ချုပ်က အင်မတန် စိတ်ဆိုးသွားပြီး ဒေါသ ထွက်ထွက် နဲ့ တပ်ကို စစ်ရင်း ဗိုလ်နေဝင်းကို လူလယ်ကောင် မှာ ပါးရိုက် ဆုံးမခဲ့တယ်လို့ အဆိုရှိတယ်..။
[အဲ့အဖြစ်အပျက်လို့ မှန်းဆနိုင်တဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်နေဝင်း တွဲလျက် ရှားပါး ဓာတ်ပုံ..၊ ဗိုလ်ချုပ်က သုန်မှုန်နေတဲ့ ရုပ်နဲ့..၊ ဗိုလ်နေဝင်းက သတိ ဆွဲထားတဲ့ အနေနဲ့  ပုံ ရှိခဲ့တယ်..။]
  
အဲ့ဒီ (အတည်မပြုနိုင်တဲ့) အဖြစ်အပျက်ကို ဗိုလ်နေဝင်းက အင်မတန် အငြိုးတကြီး ရှိခဲ့တယ်..။ အရှက်ရခဲ့တယ် လို့ ယူဆရတယ်..။
တခါက ဗိုလ်နေဝင်း သမီးတယောက်က ဒေါ်စုနဲ့ စကား အချီအချ ဖြစ်တော့ “ဦးစောကို သေနတ်တွေ ပေးလိုက်တာ ငါ့အဖေ ဟဲ့..” လို့ ပြောဖူးကြောင်း ဆက်စပ်တဲ့ ကောလဟလဆန်ဆန် အတွင်းဇာတ်လမ်းတွေလည်း ရှိခဲ့တယ်..။
ပျဉ်းမနား အဖြစ်အပျက် က အတည်မပြုနိုင်ပေမယ့် ဂျပန်ခေတ်တလျှောက်လုံး ဗိုလ်နေဝင်း အဲ့မှာ အဲ့လို ဖာတသိုက်နဲ့ ပျော်ပျော်ပါးပါး နေခဲ့တာကတော့ အမှန်ပဲ ဖြစ်တယ်..။ အခြား ဆက်စပ်တဲ့ မိန်းမ ဇာတ်လမ်းတွေလည်း အများကြီး ရှိခဲ့တယ်..။
  
[ သူနောက်ပိုင်း အာဏာရတဲ့အချိန် စနာမည်ကြီးလာတဲ့ မင်းသမီးတယောက် ကို တော်ကောက်ဖို့ ကြံရွယ်တဲ့ ကိစ္စ မဖြစ်မြောက်ခဲ့တာက အဲ့မင်းသမီးဟာ သူ့ ရဲ့ ဂျပန်ခေတ် ပျဉ်းမနား ဇာတ်လမ်းရှုပ်တခုနဲ့ ဆက်စပ်ပြီး သူ့သမီးအရင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးက စုံစမ်း တင်ပြတဲ့ အတွက်လို့လည်း လူပြောများခဲ့ဖူးတယ်..။ ဘယ်သူလဲဆိုတာတော့..၊ ကောလဟလ သတင်းဖြစ်တာရယ်..၊ အားလုံးလည်း သိကောင်း သိနိုင် မှာဖြစ်တဲ့ အပြင် ကာကယံရှင် လည်း သက်ရှိ ထင်ရှားရှိနေတော့ နာမည် မရေးတော့ပါ..။ ဗမာပြည် အာဏာရှင် စနစ် ခေတ်တလျှောက်လုံး သတင်းမှန်တွေဟာ ကောလဟလ အနေနဲ့ ထွက်ခဲ့တယ်ဆိုလည်း သတိပြုရပါမယ်..။]
  
ပုဂ္ဂိုလ်ရေး အငြိုး ရှိရှိ / မရှိရှိ အထက်မှာ ဆိုခဲ့သလို ဗိုလ်နေဝင်းဟာ နိုင်ငံရေး နဲ့ ရာထူး ရည်မှန်းချက်.. တွေကြောင့် ဗိုလ်ချုပ်ကို ဖြုတ်ချင်တယ်ဆိုတာတော့ ထင်ရှားတယ်..။ ဒါကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ကို လမ်းဖွင့်ပေးခဲ့သလားဆိုတာဟာ ထည့်သွင်းစဉ်းစား သုံးသပ်ရမယ့် သမိုင်းအချက်ဖြစ်တယ်..။
  
ဦးစော နဲ့ ကြံရာပါ ဟာ ဗိုလ်နေဝင်း ဖြစ်ဟန်ရှိလို့ သဲလွန်စလိုက်ရှာတဲ့ ဦးတင်ထွဋ် နဲ့ ဦးထွန်းလှအောင် တို့ကိုလည်း ဗိုလ်နေဝင်းက အမြဲ သတိထားခဲ့တယ်..။ ဦးတင်ထွဋ် ဆိုရင် ဗုံးခွဲလုပ်ကြံခံခဲ့ရတယ်..။ ဗိုလ်နေဝင်းက တခါတုန်းက ဗမာ့ခေတ် ဦးအုန်းခင် ကို “ကိုအုန်းခင်.. တင်ထွဋ်ကို သတ်တာ ဘယ်သူလဲဆိုတာ သိရဲ့လား လို့..” ဆိုပြီး စသလို နောက်သလို ပြောရင်း ခြိမ်းခြောက်ဖူးတယ်လို့ ကြေးမုံဦးသောင်းက အတိအလင်း ရေးဖူးတယ်..။
ဒါကတော့ မနေ့က အာဇာနည်နေ့ နဲ့ ဆက်စပ်ပြီး နောက်ခံ သမိုင်းအချက်တချို့ကို  လက်လှမ်းမမီတဲ့ လူငယ်တွေသိစေဖို့ ရောက်တတ်ရာရာ ရေးခြင်းဖြစ်ပါတယ်..။ ဘယ်သူ့အပေါ်မှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာစေလိုချင် မရှိပါ..။ နောင် အလျင်းသင့်ရင် ဆက်စပ်တဲ့ အကြောင်းတွေကို အခြား အထောက်အထား ခိုင်ခိုင်လုံလုံ နဲ့ ဆောင်းပါး ပုံစံ ဖြစ်အောင် ရေးပါဦမယ်..။
ငြိမ်းချမ်းအေး
၂၀ ၊ ဇူလိုင် ၊ ၂၀၁၂
(မှတ်ချက် - ခု အထက်မှာ ရေးတဲ့ အထဲမှာလည်း ပျဉ်းမနား မုဒိမ်းမှု နဲ့ ဆက်စပ်တဲ့ကိစ္စ ကလွဲလို့ အားလုံးဟာ အထောက်အထား ရှိပါတယ်..။ 

ဗိုလ်ချုပ်အောင်ဆန်း ကလေးဘ၀ (တောက်မဲ့မီးခဲ တရဲရဲ)

ကျမရဲ့ ဖေ့စ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ”တောက်ချင်တဲ့မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)” ဟူသော ဆောင်းပါးကို ဆွေးမြေ့နေပြီဖြစ်တဲ့ စာအုပ်ပုံအဟောင်းထဲမှ ဤအိုးဝေဂျာနယ်ကို ဆွဲထုတ်ယူလာခါ ကွန်ပြူတာဖြင့် စာစီစာရိုက်ပြီး ယခု ဖေ့စ်ဘုတ်ပေါ်တွင် သူငယ်ချင်းများ မှတ်ရှု့လေ့လာနိုင်ရန်အတွက် လက်ဆောင်မျှဝေလိုက်ရပါသည်။
ဟေသီမိုး
တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)
ရေးသူ စည်သူကျော်ထင်
အိုးဝေဂျာနယ် အမှတ် (၈၀) စာမျက်နှာ ၁၇၊ ၁၈
၁၃၃၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက်
၁ ရက် ၁၂ လ ၁၉၇၁


မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ် ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုပ်ဂူရှိရာ၊ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ၊ ဖခင်၏ အုပ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖုရောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေ အကြောင်းကို လူအများ ဒဏ္တာရီ သဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေ ဟူ၍္မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီးခဲ့လေပြီ။
ယခုဆောင်းပါး၌ ”ပွဲမဝင်ခင် အပြင်ကကျင်းပ” ဟူဘိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝနှင့် သခင်ဘဝတို့တွင် မြန်မာလွပ်လပ်ရေး တိုက်ပွဲအတွက် မည်သို့ တာစူ ခဲ့သည်တို့ကို စာဖတ်သူများ အကဲခတ်နိုင်ရန် တင်ပြပါအံ့။
တုံးတိုက်ကျားကိုက်
”တောက်ချင်တဲ့မီး စဖိုနဲ့ရဲရဲ” ဟူသော မြန်မာစကားပုံသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် သက်သက် တီထွင်ဖန်တီး ထားလေရော သလားဟုပင် ထင်ရလောက်အောင် သူ၏ ကြိုးပမ်းမှု - စွန့်စားမှု များကို တွေ့ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် တစုံတခုကို ပြုလုပ်ရန် စွဲလန်းမိလျှင် ထိုကိစ္စကို မဖြစ်မနေ အနာခံ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်မြောက် အောင်မြင်သည်အထိ ပြုလုပ်တတ်သော ဇွဲသတ္တိမျိုး ရှိလေသည်။
ထိုဇွဲသတ္တိပင်လျှင် ကိုအောင်ဆန်းအား မြန်မာလွပ်လပ်ရေး ပိသုကာ အာဇာနည် သူရဲကောင်း ဘဝသို့တိုင် ရောက်အောင် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသော် ရကောင်းအံ့ဟု ထင်ပါသည်။
ကိုအောင်ဆန်း၏ အချို့သော အဖြစ်အပျက်များသည် အနစ်နာခံ စွန့်စားခြင်းဖြင့် ရင်းနှီးရယူခဲ့သည် ဖြစ်ရကာ ကိုအောင်ဆန်း၏ မိတ်ဆွေသူငယ်ချင်းများ မဆိုထားဘိ၊ သူ၏ မွေးချင်းများပင်လျှင် သိခွင့်မကြုံခဲ့ချေ၊ ကိုအောင်ဆန်းသည် ထိုအချိန်က ခလေးသူငယ်လူမမယ် အရွယ်မှ လွန်မြောက်ပြီဖြစ်ရကား၊ ကိုယ်စီကိုယ်ငှ တာဝန်အသီးသီး ဆောင်ရွက်နေကြသော သူ၏မွေးချင်းမိဘများသည်လည်း သူပြုလုပ်သော ကိစ္စများဟူသမျှကို မသိနိုင်သည်မှာ အဆန်းမဟုတ်ပါ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုအောင်ဆန်း ကလည်း သူ၏ စွန့်စားမှု ကိစ္စအဝဝကို သူ၏ ဆွေးမျိုးညာတကာ များအား မည်သည့်အခါမျှ ပြောလေ့ပြောထ မရှိခဲ့ပါ။ သူပြုလုပ်ဆောင်ရွက်နေစဉ်တွင် ကြုံတောင့်ကြုံခဲ တစေ့တစောင်းမှ မျက်ဝါးထင်ထင် တွေ့မြင်ကြည့်ရှုခွင့် ရ၍သာလျှင် သူ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အမှန်အတိုင်း သိခွင့် ကြုံခဲ့ရ ရပေသည်။
ပွဲကြီး - ပွဲကောင်း
ဤစာရေးသူကိုယ်တိုင် တွေ့မြင်မှတ်မိလိုက်သော အဖြစ်အပျက်တခုသည်ကား အလွန်ထူးခြားသည့် ကိုအောင်ဆန်း၏ အံ့မခန်းဇွဲသတ္တိ ပြလိုက်သော ပွဲကြီးပွဲကောင်းတခုဟု ဆိုရပေမည်။ အချိန်ကား ၁၉၃၂ ခုနှစ် ကိုအောင်ဆန်း ကောလိပ်ကျောင်းသား ဖရက်ရှာဘဝ ဖြစ်ပါသည်။ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း နတ်မောက်တွင် ရောက်ရှိနေသော ကိုအောင်ဆန်းသည် သူဝတ်ဆင်ထားသော ချည်လုံချီကို ခါးတောင်းမြှောက်အောင် ကျိုက်ပြီးနောက် သူ့အိမ်ဝိုင်းအတွင်းမှ အရှေ့ဖက် နယ်နိမိတ်ဖြစ်သော ဝင်းထရံတွင် ကန့်လန့်တန်း၍ ထားသော ဝါးလုံးတန်း တတန်းကို လွတ်အောင် အခုံလေ့ကျင့်နေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် ဝါးလုံးတန်း၏ တည်နေဟန်ကို အမြွတ်မျှ ဖော်ပြရန်လိုပါလိမ့်မည်။ ကိုအောင်ဆန်းတို့ အိမ်ဝိုင်းကြီး အတွင်းနေအိမ်၏ အရှေ့ဖက်တွင် ဆီလှောင်သော ရာဝင် စဥ့်အိုးကြီးများ ထားရှိရာ၊ အုပ်ဂိုဒေါင်နှင့် မြေပဲများ - နှမ်းအိပ်များ သိုလှောင်ရာ၊ သစ်သားဂိုဒေါင်တလုံး ပေါင်း ဂိုဒေါင်နှစ်လုံး ရှိရာ၊ အုပ်ဂိုဒေါင်သည် သစ်သား ဂိုဒေါင်၏ မြောက်ဖက်တွင် တည်ရှိပါသည်။
ယင်း….ဂိုဒေါင်နှစ်လုံး အကြားတွင် လော်ရီကားကြီး တစီးဝင်နိုင်လောက်သော မြေကွက်လပ် (မြေလွတ်) ရှိပါသည်။ အိမ်ဝင်းကြီး၏ အရှေ့ဖက်နယ်နမိတ်ဖြစ်သော ခြံစီးရိုးသည် ယင်းဂိုဒေါင်နှစ်လုံး၏ အရှေ့ဖက်မှ ကပ်လျှက် တောင်မြောက်သွယ်တန်းလျက် ရှိနေပါသည်။ ထိုခြံစီးရိုးကို ဝါးလုံးများ လေးစိပ် စိပ်ကာ၊ ခွဲစိတ်ပြီးထားသော ဝါးခြမ်းများဖြင့် ရက်လုပ်ထားပါသည်၊ ထိုသို့ ရက်လုပ်ရာတွင် သစ်သားတိုင်များ စိုက်ထူကာ ဝါးလုံးများကို သစ်သားတိုင်များတွင် ကန့်လန့်စွပ်ထားပြီးမှ ဝါးခြမ်းစိပ်များဖြင့် အခန်းလိုက် အခန်းလိုက် ရက်လုပ်ထားခြင်းဖြစ်ပါသည်။ ထိုခြံစီးရိုးကို မြေလတ်ဒေသတွင် ဝင်းထရံဟု ခေါ်လေ့ရှိပါသည်။
အမြင့်ခုန်ကျင့်
အထက်ပါ ဂိုဒေါင်နှစ်လုံး၏ ကြားတည့်တည့်လောက်၌ ဝင်းထရံ အခန်းတခန်းတွင် ဝါးခြမ်းများနှင့် ဝါးလုံးတန်း အချို့တို့မှာ ကျောင်းသားသူငယ်များ ဘောလုံးကစားရင်း ကျော်တတ်ပြီး၊ ဖယ်ရှားဖန်များသဖြင့် ဝါးခြမ်းများ ကျွတ်လွတ် နေပြီး၊ ဝါးလုံးတတန်းသာလျှင် ကျန်နေပါသည်။ ထိုဝါးလုံးတန်း၏ အမြင့်သည်လည်း ရင်ဆို့လောက် ရှိမည် ထင်ပါသည်။ ကိုအောင်ဆန်းကား ထိုသို့ကျန်ရှိနေသော ဝါးလုံးတန်းကို အမြင့်ခုန် လေ့ကျင့်နေခြင်း ဖြစ်ပါတော့သည်။ ကိုအောင်ဆန်းသည် ပထမတချီပြေး၍ ခုန်လိုက်ရာ၊ ဝါးလုံးတန်းနှင့် နောက်ခြေထောက် ထိသွားပါသည်။ မလွတ်၊ ဒုတိယအချီတွင် ပို၍ဝေးသောနေရာမှ အရှိန်ယူပြေးလာပြီး ခုန်ပြန်သည်။ ဤတကြိမ်လည်း မရသေး၊ တတိယအချီ ကြိုးစားရန်အတွက် ခါးတောင်းကျိုက်ကို ပြင်၍ ကျိုတ်ကာ အထူး ချိန်ဆ၍ ခုန်လိုက်ပြန်သည်။
အရှုံးမပေး
ထိုအချီတွင် အမြင့်ခုန်ချံပီယံမဖြစ်သေးသော ကိုအောင်ဆန်း၏ ရှေ့ခြေမှ ဒူးခေါင်းသည် ဝါးလုံးတန်းနှင့် တိုက်မိကာ ရှေ့သို့ ဒူးထောက်ရက်သား လဲကျသွားပြီး၊ ဒူးပွန်းပဲ့ကာ သွေးများယိုကျလာပါသည်။ သို့ဖြစ်ရာ၊ အနိုင်မခံ အရှုံးမပေးလိုသော ကိုအောင်ဆန်းသည် သူ့အား ကြံ့ကြံ့ခံ၍ ခံတပ်သဖွယ် တားဆီးထားသော အနှီဝါးလုံးတန်းကို လက်သီးဖြင့် လေးငါးချက်မျှ ဆင့်ကာ ဆင့်ကာ ထိုးပါလေတော့သည်။ သို့သော်လည်း ခံတပ်ကား မပေါက်မကျိုး၊ အင်အားတောင့်တင်းလှပါဘိကောင်း၊ ကိုအောင်ဆန်းကား အရှုံးမပေး ဇွဲလည်းမလျော့၊ သွေးထွက်နေသော ဒါဏ်ရာကို ရေဖြင့်ဆေးပြီး၊ နဖူးမှ ခြေမအထိ တဒီးဒီးကျနေသော ချွေးများကို အင်္ကျီချွတ်၍သုတ်ပါလေ၏။ ထို့နောက် အနည်းငယ်မျှ အနားယူပြီး၊ ခုန်နည်းစနစ်တမျိုးပြောင်းကာ ခုန်ပါလေတော့သည်။ ဤစတုတ္ထအချီခုန်သော အခါတွင်မူကား ကိုအောင်ဆန်း အောင်ပန်းဆင်မြန်းလိုက်ပါပြီ။ ဤတချီ ခုန်သည့်နည်းမှာ အဝေးမှ အရှိန်ယူ၍ ပြေးလာပြီးနောက် ဝါးလုံးတန်းနှင့် အကွာအဝေး အနေတော်လောက် ရောက်လျှင် အနည်းငယ် အရှိန်သတ်ပြီး သူ၏ကိုယ်ကို လေထဲသို့ အစွန်းပင့်တင့်ကာ တကိုယ်လုံး လွတ်အောင် ကျိုးစား၍ ကျော်လွှားလိုက်သည့် နည်းပင်ဖြစ်ပါသည်။ ဤသို့လွတ်အောင် ခုန်ပြီးသော အခါ ကိုအောင်ဆန်းသည် သူ့ဦးလေးဆီသို့ ပြုံးပြုံးကြီးလျှောက်လာပြီး၊ အနာဆေးထည့်ရန် သူ့အဒေါ်ထံမှ လိမ်းဆေးတောင်းယူ၍ ဆေးလိမ်းပေတော့သည်။ ဤအဖြစ်သနစ်ကို တွေ့မြင်ရသော စာရေးသူသည် သူ့အား ကြည့်ရှု၍ ခွက်ထိုးခွက်လန် ရီခဲ့ရယုံမျှမက၊ သူ၏မလျှော့သော လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိ ကိုလည်း ဝမ်းထဲ၌ ကြိတ်၍ ချီးကျူးမိခဲ့တော့၏။
မြင်ယောင်မိခဲ့
နောင်အခါ ရဲဘော်သုံးကျိတ်ဝင် ပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားနေစဉ် လှံစွပ်တိုက်ပွဲ လေ့ကျင့်ခန်းကို လေ့ကျင့်ရာ တပ်စုခေါင်းဆောင်အဖြစ် လေ့ကျင့်နေဆဲ အမောဆို့လုမတတ် မောပန်းနွမ်းခွေ သွားသော်လည်း မလျှော့သော ဇွဲသတ္တိကြောင့် ထိုတိုက်ပွဲလေ့ကျင့်ခန်းမှာ ကောင်းစွာ အောင်မြင် ထမြောက်သွားခဲ့သည်ဟူသော သတင်းကို ဤစာရေးသူ ကြားရသော အခါ၊ ကျောင်းသားဘဝက ဒူးအပြဲခံပြီး ဝါးလုံးတန်းကို မလွတ်မချင်းခုန်လာခဲ့သော ကိုအောင်ဆန်း၏ ဇွဲသတ္တိကို ထင်းကနဲ မြင်ယောင်မိပါတော့သည်။
ထို့အပြင် ကိုအောင်ဆန်း သခင်ဘဝရောက်ပြီးမှ ထူးခြားသော အဖြစ်တခုကို တွေ့ခဲ့ရပါသေးသည် ထိုအဖြစ်အပျက်မှာ ကိုအောင်ဆန်း ဒို့ဗမာ အစည်းအရုံး ဝင်ပြီးနောက် သခင်အောင်ဆန်းအမည်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒို့ဗမာ အစည်းအရုံးကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ဆောင်ရွတ်နေစဉ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသား အဖွဲ့အစည်းများ၊ အတွင်းဝင်များရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြရန် တက္ကသိုလ် သမဂ္ဂခေါင်းဆောင်များအပါအဝင် ကျောင်းသားခေါင်းဆောင်များ… နှင့် စီစဉ် ပြုလုပ်ခဲ့ပြီးနောက် သခင်အောင်ဆန်းသည် မိခင်ကြီးရှိရာ နတ်မောက်မြို့သို့ ခတ္တခဏ အနားယူရန် ပြန်ရောက်လာသော အချိန်က ဖြစ်၏။ အေးမြသော ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလ တတိယပတ် အတွင်း သာယာလှသော နေ့တနေ့၌ နံနက်ခင်း ရှစ်နာရီခန့်တွင် ဘုံဘိုင်ရေခြေညှပ်ဖိနပ်၊ ပလေကပ်လုံချည် အကွက်ကြဲကြဲ၊ ကော်လာမပါသော တပတ်နွမ်း ရှပ်လက်ရှည်အဖြူနှင့် အညာဖျင်အဖြူ ခပ်ပွပွ ရှည်ရှည်ကို ဝတ်ဆင်ပြီးထားပါသည်။
ချည်ထည်မာဖလာ လည်စီးပုဝါကို တပတ်ရစ်လျက် အမြိတ်စနှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တွဲလဲချကာ ဆင်မြန်းထားပြီး၊ ကတုံးဆံတောက် (ခေါ်) ကတုံး ဘိုကေ ညှပ်ထားသော သခင်အောင်ဆန်းသည် သူ၏ဦးလေးကြီး ဦးဖိုးသင့်၏ တဦးတည်းသော သမီး မကံဆယ်၊ ဦးလေးငယ်၊ ဦးလေးညိုတုတ် (ဦးငွေဆိုင်း)၏ သမီးများဖြစ်သော မမောက်နှင့် မထွေး အသက်အရွယ်အားဖြင့် ခြောက်နှစ်ကျော်ကျော်၊ ခုနစ်နှင့်ခန့်မျှ ရှိကြသေးသော ညီအစ်မသုံးယောက်အား ”ညီမတို့ ကိုလေးဆန်း ပြောစရာရှိတယ်၊ ခဏလာကြအုံး” ဟု လှမ်း၍ခေါ်သည်ကို ကြားလိုက်ရပါသည်။ ထို့နောက် နေအိမ်ကြီးနှင့် ဆီဂိုဒေါင်အကြားရှိ မြေကွက်လပ်တွင် ညီအစ်မ သုံးဖော်အား တန်းစီစေပြီး၊ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးတရားကို လက်သီးလက်မောင်းတန်းကာ ဟောပါလေတော့သည်။
တဝါးဝါးနှင့်
အနည်းငယ် ဟောမိလျင်ပင် ကလေးသုံးယောင်သည် တဝါးဝါးနှင့် အူလိုက်အသည်းလိုက် ရီလေသော်ဟူ၏။ သူ့တရားပွဲ ပြီးဆုံးသွားသော အခါ ”သခင်မျိုးဟေ့၊ ဒို့ဗမာ” ”အရေးတော်ပုံအောင်ပါစေ” ဟူသော ကြွေးကြော်သံ နှစ်ရပ်ကို သူက သုံးကြိမ်တိတိ တိုင်ပေးပြီး၊ ကလေးသုံးယောက်အား လိုက်၍ အော်ဟစ် ကြွေးကြော်စေပါသည်။ ထိုသို့ကြွေးကြော်ပြီးသည့်ခဏ၌ ”ညီမလေးက လိမ္မာတယ်ဟေ့၊ ကိုလေးဆန်း မုန့်ဝယ်ကျွေးမယ်” ဟု ပြောပြောဆိုဆို တဟားဟား ကျယ်လောင်စွာ ရီမောကာ ညီမကလေး သုံးယောက်အား မုံ့ဝယ်ကျွေးပါတော့သည်။ ဤတရားပွဲကို မလှမ်းမကမ်းမှ မြင့်တွေ့နေရသော သူ့ဦးလေးတဦးက ”အောင်ဆန်းတယောက်တော့ တံတားကလေးဆေးရုံကို ပို့နေရဦးမလား မသိဖူး” ဟူ၍ ခပ်တိုးတိုး မှတ်ချက်ချသည်ကို ဤစာရေးသူပင် ကြားလိုက်ရပါသည်။ သို့သော်လည်း ယင်းသို့သောလုပ်ရပ်ကို သေခြာစွာ ဆန်းစစ်ကြည့်သည်ရှိသော် သခင်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုး အဖြစ်ဖြင့် နောင်သောအခါတွင် အပွဲပွဲနွဲရန် ရှိနေသည့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး တရားပွဲများ၊ အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေး တရားပွဲများအတွက် အလေ့အကျင့်ရရန် ကြိုတင် ပြင်ဆင်ကာ နယ်ချဲ့အစိုးရတိုက်ထုတ်ရေးအတွက် မောင်းတင်လိုက်ခြင်းဖြစ်သည်ဟု ဆိုက ဆိုနိုင်ပေသည်။
ကြေးနန်းရစဉ်
ထိုနေ့ညနေပိုင်းတွင်းပင် ရန်ကုန်မြို့အတွင်းဝန်များရုံးသို့ ဝိုင်းဝန်းဆန္ဒပြကြသော ကျောင်းသူ ကျောင်းသား များအား ပုလိပ်များက မြင်းနှင့်တိုက် ဒုတ်နှင့် ရိုက်သဖြင့် သွေးထွက်သံယို ဖြစ်ကြသောကြောင့် ရှေ့ခြေတဆင့် တိုး၍ ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်သို့ အမြန်ပြန်လာပါရန် ဒို့ဗမာ အစည်းအရုံး ဋ္ဌာနချုပ်မှ ပေးပို့သော ကြေးနန်းစာကို သခင်အောင်ဆန်း ရရှိသဖြင့် ကြေးနန်းလက်ခံရလျှင်ရခြင်း၊ နတ်မောက်မြို့ အထက်တန်းကျောင်းမှ ကျောင်းသားသမဂ္ဂအမှုဆောင်များကို သာသနာ့ဟိတ စာကြည့်တိုက်တွင် ချက်ချင်း အစည်းအဝေးခေါ်ကာ ရန်ကုန်မှ အဖြစ်အပျက်များကို ရှင်းပြပြီး၊ ရှေ့ဖို့တွင် ရန်ကုန်ရှိ ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ၊က၊သ) မှ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြရန် ညွှန်ပြ ပြောဆိုပြီးလျှင် နောက်တနေ့နံနက်စောစော မီးရထားဖြင့် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားပါတော့သည်။ ဤကား သခင်အောင်ဆန်းအဖြစ်ဖြင့် နတ်မောက်မြို့သို့ နောက်ဆုံးလာခဲ့ခြင်း ဖြစ်ပေသတည်း။
မှတ်ချက်။  ။ ဤဆောင်းပါးရှင် စည်သူကျော်ထင် မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ညီအကို တစ်ဝမ်းကွဲတော်သူ ဖြစ်ပါသည်။ (အယ်ဒီတာ)
အိုးဝေဂျာနယ် အမှတ် (၈၀) စာမျက်နှာ ၁၇၊ ၁၈
၁၃၃၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက် ၁ ရက် ၁၂ လ ၁၉၇၁
Credited to ဟေသီမိုး  

ဒို့ ဗမာ အစည်းအရုံးခေတ် က ဗိုလ်ချုပ်အောင်ဆန်း

 သခင်တင်မောင် (ကျုံးမငေး)
(ဤဆောင်းပါးရှင် သခင်တင်မောင် (ကျုံးမငေး)မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဆုငွေ ၅ိ ထုတ်စဉ်က ဗိုလ်ချုပ်နှင့်အတူ တရားဟောခဲ့သူ ဖြစ်သည်။)
ဗိုလ်ချုပ်အောင်ဆန်း အထွဋ်အထိပ် ရောက်လာပြီးနောက်၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တတိုင်းပြည်လုံး သိပြီးဖြစ်သော်လည်း၊ အထိဋ်အထိပ် မရောက်မီ အညတြ သခင်အောင်ဆန်းဘဝက အကြောင်းများကို သိသူ အလွန်နည်းပါးပေမည်။ သို့ကြောင့် တို့ဗမာအစည်းအရုံးခေတ် သခင်ဘဝနှင့် သခင်အောင်ဆန်း၏ မမေ့နိုင်ဘွယ်ရာ အကြောင်းကလေးများကို ရေးလိုပေသည်။


၁၃၀၀ ပြည့်နှစ်တုံးက။
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံအတွင်း မော်လမြိုင်ညီလာခံအတွက် တို့ဗမာသခင်အပေါင်းတို့ ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေကြစဉ်၊ ကျွန်တော်မှာလည်း သခင်အောင်ဆန်း၏ သံကြိုးရိုက်ခေါ်မှုကြောင့် ရန်ကုန် ဋ္ဌာနချုပ်သို့ ရောက်ခဲ့ရပေသည်။ သခင်အောင်ဆန်းနှင့် ပဌမအကြိမ် တွေ့ဆုံရခြင်း ဖြစ်ပါသည်။ ရောက်လျှင်ရောက်ချင်း ကျွန်တော်မှာ မြောင်းမြခရိုင် ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ပဌမဥက္ကဋ္ဌ သခင်အုံးဖေမှာ အကြောင်းမညီညွတ်၍ မလာအားသေးကြောင်း။ ကိစ္စ အဝဝကို ကျွန်တော်ပင် တာဝန်ယူမည့် အကြောင်းများကို သခင်အောင်ဆန်းအား ပြောပြသောအခါ၊ သခင်အောင်ဆန်းက “ကျုပ်တို့ အစည်းအရုံးမှာ ပဌမ အင်အားအကြီးဆုံးကတော့ ခင်ဗျားတို့ မြောင်းမြခရိုင်၊ ဒုတိယကတော့ သာယာဝတီပဲဗျ၊ ငွေရေး ကြေးရေး အတောင့်ဆုံးကတော့ ထားဝယ်ခရိုင်ပဲ၊ ဒီတော့ မော်လမြိုင်ညီလာခံ အောင်မြင်ရေးအတွက် ဒီသုံးခရိုင်ကို ပိုပြီး အားထားတာပဲ အစွမ်းကုန်သာ ကြိုးစားကြပေတော့ဗျာ” ဟု ပြောပြီး သခင်အောင်ဆန်းမှာ ရေချိုးခန်းသို့ ဝင်သွား ပါတော့သည်။
ကျွန်တော်မှာလည်း စပ်တငန့်ငန့် စောင့်နေရရာ မိနစ် ၂၀ ခန့်တွင် ထွက်လာပြီး ကဲ - ခင်ဗျားနဲ့ ကျွန်တော် ရွှေတိဂုံ သပိတ်လွှတ်တော်ကို သွားရအောင် “ဟေ့ တင်ဦး ငါ့အင်္ကျီပေးပါဦးကွ” ဟု အော်တောင်းပြီး အင်္ကျီများ ဝတ်ပါတော့သည်။ သခင်တင်ဦးမှာ ယခု အသံလွှင့်ဋ္ဌာနတွင် အလုပ်လုပ်နေပါသည်။ သခင်အောင်ဆန်း၏ ရွှေတိုက်စိုးဝန် ဖြစ်ပါသည်။ အပေါင်လက်မှတ်မှန်သမျှ သူက သိမ်းထားရပါသည်။ ၃ လပြည့်ခါနီးတွင် “ကြည့်လုပ်ကြပါဦး” ဟူသော ခေါင်းစဉ်ဖြင့် နယ်အမှုဆောင်များ မြင့်နိုင်သော နေရာတွင် ကပ်ထားရပါသည်။ နယ်အမှုဆောင်များက မနေသာသည့်အခါ ရွေးပေးခဲ့ကြရပါသည်။
သခင်အောင်ဆန်းတွင် ကိုယ်ပိုင်အဝတ်အထည် မည်မျှရှိသည်ကို အတိအကျ မသိရသော်လည်း၊ အစည်းရုံးပေါ်တွင် ရှိသမျှ သူပိုင်လိုလိုချည့် ဖြစ်ပါသည်။ တွေ့ကရာ အဝတ်အစားများကို လွယ်သလို ဆွဲဝတ်လေ့ရှိပါသည်။ အထူးသဖြင့် သခင်သန်းထွန်း၏ သေတ္တာတွင်းရှိ ပစ္စည်းများကို သူချယ်လှယ်ချင်သလို ချယ်လှယ်ပါသည်၊ သခင်သန်းထွန်းမှာ ကန်တော်ကြီးစောင်းရှိ ကုလားကျောင်းတကျောင်းတွင် ဆရာလုပ်နေသည့်အတွက် သူ့လခနှင့် သူ ဝယ်နိုင်စွမ်း ရှိပါသည်။ သခင်သန်းထွန်းသည် အရုပ်ဆိုးသလောက် အလှအနု အလွန်ကြိုက်ပါသည်။ လုံချည်များမှာ ပန်းနုရောင်၊ ဝါနုရောင်၊ ဖက်ဖူးရောင် စသော လုံချည်များ ၄ - ၅ - ၁၀ ထည်ခန့် ရှိပါသည်။ သခင်အောင်ဆန်းက ၎င်းလုံချည်များကို ခဏခဏ ယူဝတ်ပါသည်။ သခင်သန်းထွန်းမှာ သူအမြတ်တနိုးထားသော လုံချည်များကို ယူဝတ်သည့်အခါ သဘောမကျသော်လည်း ဖွင့်၍ မကန့်ကွက်ပါ။ ကွယ်ရာတွင် ‘ဒီလူတွေတော့ ဒီလိုပဲ ပါရမီ ဖြည့်နေရတယ်။ ကျုပ်ကို အနိုင်အကျင့်ဆုံး လူ နှစ်ယောက်ဟာ သူရယ် သခင်ဗဟိန်းရယ်ပဲ’ဟု ပြောပြဖူးပါသည်။ လုံချည်များကို သူဝတ်သွားလျှင်လည်း တခါဝတ် ဖြစ်ပါသည်။ သူယူဝတ်လိုက်လျှင် ဥစ္စာရှင် သခင်သန်းထွန်းက ပြန်မယူတော့ပေ။ ယူချင်လို့လည်း မကောင်းတော့ပါ၊ စွန်းထင်းပေရေပြီး ဖြစ်နေပေသည်။
သခင်အောင်ဆန်း၏ဇွဲ။
သခင်အောင်ဆန်းတွင် ချစ်စရာအကောင်ဆုံး အင်္ဂါတခုမှာ လုံ့လဝီရိယဇွဲပင် ဖြစ်ပါသည်။ ဘယ်သူတွေ ဘယ်လို စိတ်ပျက်နေနေ သူမပျက်၊ ဘယ်သူတွေ လုပ်လုပ် မလုပ်လုပ် သူလုပ်ပါသည်။ လုပ်စရာရှိလျှင် သူ့ဟာသူ လုပ်ပါသည်။ ရေးစရာ ရှိလျှင်လည်း သူ့ဟာသူ ရေးပါသည်။ အထူးဆန်းဆုံး အချက်တခုမှာ သူနှင့် သခင်သန်းထွန်း၏ (အမြင်) များ ဖြစ်ပါသည်။ နိုင်ငံရေး ပြဿနာတခုအတွက် သခင်သန်းထွန်းက သူ့အိမ်တွင် သူ ကြေညာချက်တခုကို ရေးဆွဲသည်ဆိုပါစို့။ သခင်အောင်ဆန်းက သူ့အမြင်နှင့်သူ အစည်းအရုံးတွင် ရေးဆွဲလေ့ရှိပါသည်။ ၎င်းကြေညာချက်များကို တိုက်ဆိုင်ကြည့်လိုက်သောအခါ မူချင်းမှာ တထေဝါတည်း ဖြစ်နေလေ့ရှိပေသည်။ ဤမျှအမြင်ချင်း တူသူများ ဖြစ်ကြပါသည်။ စစ်ပြီးခေတ် မဆပလမှ ကွန်မြူနစ်ကို ထုတ်ပစ်သည့် အချိန်အထိ သခင်သန်းထွန်းနှင့် သခင်အောင်ဆန်း အမြင်ချင်း အလွန်တူကြပါသည်။ နောက်ပိုင်း ကွဲကြသည်မှာ အထူးပင် ကြေကွဲ ဝမ်းနည်းဘွယ် ဖြစ်ပေသည်။ မည်သည့်အတွက် ကွဲကြသည်ကိုမူကား ဤဆောင်းပါးတွင် မဆွေးနွေးတော့ပေ။
သခင်အောင်ဆန်းသည် အလုပ်လုပ်စရာရှိလျှင် မိုးလင်းသည့်အထိ အလုပ် လုပ်တတ်ပေသည်။ မပြီးမချင်း မညည်းမညူ လုပ်လေ့ ရေးလေ့ ရှိပါသည်။ စိတ်လည်း အလွန်မြန်သည်။ အကြောင်းတခုခုကြောင့် စိတ်ညစ်လျှင် အလွန်သနားစရာ ကောင်းပေသည်။ ချစ်စရာလည်း ကောင်းပါသည်။ သို့အတွက် သခင်အောင်ဆန်း စိတ်ဆိုး စိတ်ညစ်ဖြစ်နေလျှင် အားလုံးကပင် ဝိုင်း၍ သနားချစ် ချစ်ကြပါသည်။ ဤကဲ့သို့ အဖြစ်အပျက်များကို ဒုတိယ စစ်ဖြစ်ခါနီး (ဗမာထွက်ရပ်ဂုဏ်း) ကိစ္စကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်အစည်းအဝေးတွင် ချ၍ စဉ်းစားကြသောအခါ ခဏခဏ တွေ့ရပေသည်။ ထွက်ရပ်ဂုဏ်းအရေးကို ဆန့်ကျင့်သူများနှင့် နားလည်မှု မရနိုင်ဘဲ အပြင်းအထန် ငြင်းခုံနေကြစဉ် သခင်အောင်ဆန်း၏ စိတ်ညစ်သည့် မျက်နှာထားမှာ ပြောမပြနိုင်လောက်အောင် သနားစရာ ကောင်းပေသည်။ အချို့အမှုဆောင်များမှာ သူ့ကို သနားသည်နှင့် “ကဲ - မှားရင်လည်း မှားပေစေ။ ဒီလူဟာ ဒါလောက်တော့ ညံ့မှာမဟုတ်ဘူး၊ သူစေတနာကို ကျုပ်တို့ ယုံကြည်တယ်။ သူ့ဘက်ကပဲ ကျုပ်တို့ ထောက်ခံမယ်” ဆိုပြီး ထောက်ခံကြသည်ကိုပင် တွေ့ရပါသည်။
သူ၏ စွမ်းရည်။
တနေ့တွင် ဗမာထွက်ရပ်ဂိုဏ်း အာဏာပိုင် အမှုဆောင်အစည်းအဝေးသို့ တက်ရောက်ရန် ကျောင်းသားသမဂ္ဂမှ သခင်ဗဟိန်း၊ တို့ဗမာအစည်းအရုံးမှ သခင်အောင်ဆန်း၊ သခင်လှဖေ (ယခု ဗိုလ်လက်ျာ)နှင့် ကျွန်တော်တို့ ဒေါက်တာဗမော်အိမ်သို့ သွားကြပါသည်။ အစည်းအဝေးတွင် ဗမာ့ထွက်ရပ်ဂုဏ်း ဝါဒစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များ ရေးဆွဲရန် အဖွဲ့ငယ်တခု ဖွဲ့ရာတွင် ဒေါက်တာဗမော်က ချယ်ယာမင်၊ သခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် အရွေးခံရပါသည်။ အမှုဆောင်များက ၎င်းအဖွဲ့ငယ်၏ စည်းမျဉ်းဝါဒနှင့် လုပ်ငန်းစဉ် အကြမ်းမူကို မည်သည့်နေ့တွင် တင်ပြနိုင်မည်နည်းဟု မေးရာ။ ဒေါက်တာ ဗမော်က တနင်္ဂနွေ နှစ်ပါတ်အတွင်း တင်ပြမည်ဟု ဖြေသည်ကို သခင်အောင်ဆန်းက ဒီလောက်အလုပ်ကလေးကို ဒီလောက်အချိန်ယူ လုပ်နေရင်၊ ဗမာ့လွတ်လပ်ရေးသာ ဆိုလျှင် ၁၀ နှစ်နဲ့ ပြီးနိုင်ပါတော့မလားဟု ပြောကာ “ကဲ - ခင်ဗျားတို့ လက်ဖက်ရည် သောက်နေတုံး ကျုပ်ပြီးအောင် ရေပြီး ၂ နာရီအတွင်း တင်ပြမည်” ဟုပြောကာ အခန်းထောင့်တခုသို့ ထသွားပြီး ရေးလေတော့၏။ အားလုံးလူကြီးများမှာ အံ့အားသင့်ပြီး စောင့်နေကြရပါသည်။ နှစ်နာရီခန့်အကြာတွင် အင်္ဂလိပ်လို ရေးထားသော သူအကြမ်းမူကို တင်ပြပါတော့သည်။ စကားလုံးအနည်းငယ်ကို ပြင်သည်မှတပါး အားလုံးသောအချက်များကို လက်ခံလိုက်ကြရပါသည်။ ဤတွင် လူကြီးပိုင်းက နိုင်ငံရေးသမားများသည် သခင်အောင်ဆန်း၏ ထက်မြက်ပုံ အဘက်ဘက်က အရည်အခြင်း ပြည့်စုံပုံများကို တီးတိုးချီးမွမ်း ကြပါတော့သည်။
တခါသော် ၁၉၄၀ ခုနှစ်၊ နှစ်ဦးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်ညီလာခံကို မန္တလေးမြို့၌ ကျင်းပနေစဉ်၊ ဆာစတက်ဖို့ကရစ်ပ်စ် ယခု ဘိလပ်ရွှေတိုက်စိုးဝန်ကြီး ဗမာပြည်သို့ ရောက်လာပါသည်။ သခင်ခေါင်းဆောင်များနှင့် တွေ့ရန် မန္တလေးသို့ လိုက်လာပါသည်။ အမှုဆောင်များနှင့် တွေ့ကြရာ၊ ဗမာနိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြပါသည်။ ကရစ်ပ်စ်မှာ ဗမာ့ အခြေအနေနှင့် သခင်များအကြောင်းကို ဘုရင်ခံနှင့် အစိုးရအဖွဲ့ဝင်များ၏ ပြောပြချက်များကို အခြေခံထားပြီး ဆွေးနွေးဟန်တူပါသည်။ သခင်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့က တကဲ့ အခြေအနေ အမှန်များနှင့်တကွ၊ ဗမာလွတ်လပ်ရေး ကြိုးပမ်းမှုများကို အသေးစိတ် တိတိလင်းလင်း ပြောပြကြရာ၊ ကရစ်ပ်စ်က “ကျူပ်အစက ခင်ဗျားတို့ လူငယ်တွေအပေါ်မှာ တော်တော်အထင်သေးမိတယ်။ အခု ခင်ဗျားတို့ ပြောပြတဲ့ လေးနက်တဲ့ ရည်ရွယ်ချက်၊ မွန်မြတ်တဲ့ လမ်းစဉ်တွေအတိုင်းဆိုရင် ခင်ဗျားတို့ လုပ်ငန်းစဉ်၊ ခင်ဗျားတို့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ တရားပါတယ်” ဟု ချီးကျူးဝန်ခံ သွားရပေသည်။ သခင်အောင်ဆန်း၏ တည်ကြည် လေးနက်သော မျက်နှာကို အစဉ်သဖြင့် စူးစူးစိုက်စိုက်ကြည့်ပြီး အကဲခတ်နေသည်ကိုလည်း သတိထားမိပါသည်။ တခါတရံ တုန်လှုပ်ခြောက်ချားခြင်း ဖြစ်တတ်သည်မှတပါး၊ မြင်တွေ့သူတိုင်းက မလေးစားဘဲ မနေနိုင်လောက်အောင် လေးနက်သော သဘောထား၊ လေးနက်သော မျက်နှာပေးနှင့် လေးနက်သော စကားလုံးများကို ပိုင်ဆိုင်သူမှာ သခင်အောင်ဆန်းပင် ဖြစ်သည်။
ငါးကျပ်တန် သခင်အောင်ဆန်း
တခါသော် ဟင်္သာတခရိုင် ညီလာခံကို ဇလွန်မြို့တွင် ကျင်းပနေပါသည်။ သခင်အောင်ဆန်းနှင့် ကျွန်တော်မှာ ဋ္ဌာနချုပ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဇလွန်သို့ သွားကြရပါသည်။ ညီလာခံအပြီး ရန်ကုန်သို့အပြန်တွင် ဒေါင့်ကြီးရွာ အစည်းအရုံး၏ ဘိတ်ခေါ်ချက်အရ တရားပွဲတခု ကျင်းပပါသည်။ တရားပွဲတွင် ကျွန်တော် ပထမ ဟောပါသည်။ သခင်အောင်ဆန်း အလှည့်ရောက်၍ ၁၀ မိနစ်ခန့် စကားပြောနေစဉ် ပုလိပ်အရာရှိတဦး ဝင်ရောက်လာပြီး နို့တစ်စာတခု ပေးပါသည်။ နို့တစ်စာတွင် ရာဇဝတ်ဝန်ကြီး မစ္စတာ ဇေးဗီးယားက ချင်းတောင်နယ် အကြောင်းများ နိုင်ငံရေး တရားပွဲများတွင် ထည့်မဟောရ။ ဟောလျှင် ကာကွယ်ရေး ဥပဒေအရ အရေးယူမည်ဟု ဖြစ်ပါသည်။ သခင်အောင်ဆန်းက နို့တစ်စာကို ပရိသတ်အား ဖတ်ပြပြီး၊ “ကဲ ချင်းတောင်နယ်မှာ ဘာတွေဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား၊ ဒီကိစ္စကို ကျုပ်မေ့နေတယ်။ အခုနို့တစ်စာ ရောက်လာမှ သတိရတယ်။ ခင်ဗျားတို့ ချင်းတောင်နယ်အကြောင်း သိချင်ကြသလား” ဟု မေးလိုက်ရာ ပရိသတ်က “သိချင်တယ်၊ သိချင်တယ်” ဟု ဝိုင်းအော်ကြ၏။ သခင်အောင်ဆန်းလည်း ချင်းတောင်နယ် အကြောင်းကို စေ့ငှစုံလင်စွာ ဟောပြပါတော့သည်။
၎င်းအချိန်တွင် ချင်းတောင်နယ်၌ သခင်ဝမ်းသူမောင် (ယခု ချင်းဝန်ကြီး ဖြစ်နေသူ ဦးဝမ်းသူမောင်) မှာ နယ်ချဲ့သမားတို့၏ အနှိပ်အစက် အညှဉ်းအပန်း ခံနေရ၏ ဗမာပြည် နီုင်ငံရေး အသင်းအပင်းများမှ ယခုကဲ့သို့ နယ်ချဲ့သမားက လူနည်းစု ခေါင်းဆောင်တယောက်အား နှိပ်စက်နေသည်ကို အရေးတယူ ဆူပူဆောင်ရွက်သော အသင်းမှာ၊ တို့ဗမာအစည်းအရုံးသာ ရှိပေသည်။ တို့ဗမာ အစည်းအရုံး၏ သဘောထားမှာ လူနည်းစုအရေးကို အထူပင် ဦးစားပေးခဲ့လေသည်။
၎င်းတရားပွဲ ပြီးလျှင် ပြီးခြင်း၊ သခင်အောင်ဆန်းနှင့် ကျွန်တော်အား ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးဝရမ်း ထုတ်လိုက်လေသည်။ ကျွန်တော်တို့ နှစ်ယောက်မှာ ဟင်္သာတမြို့ရှိ မြန်မာပုလိပ်အရာရှိကြီး တဦး၏ အကူအညီနှင့် လွတ်ထွက်လာပြီး ရန်ကုန်မြို့ ၅၃ လမ်းရှိ အိမ်တအိမ်တွင် ပုန်းနေကြလေသည်။ ၎င်းရက်အတွင်း သခင်အောင်ဆန်းအား ဖမ်းပေးလျှင် သို့မဟုတ် သတင်းပေးနိုင်လျှင် ဆုငွေ ၅ိ ပေးမည်ဟု မစ္စတာ ဇေးဗီးယားက ကျေညာလေတော့သည်။
ထိုကဲ့သို့ ပုန်းနေရစဉ်၊ တို့ဗမာအစည်းအရုံး ခေါင်ဆောင်များမှာ တကွဲတပြားစီ ဖြစ်နေကြသည်။ သခင်နု၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသော သူများမှာ ထောင်ထဲတွင် ရှိကြပြီး သခင်မြ၊ သခင်လှဘော်၊ သခင်လှဖေ (ယခု ဗိုလ်လက်ျာ)၊ သခင်တင်မောင် စသည်တို့ အပြင်မှာ ကျန်ခဲ့ကြလေသည်။ ကျန်ခဲ့သော ခေါင်းဆောင်များမှာလည်း စစ်ရေးနှင့် ပတ်သက်၍ သဘောကွဲလွဲ နေကြရာ၊ သခင်အောင်ဆန်းမှာ စိတ်အတော်ပင် ပျက်နေပေသည်။ သခင်လှဖေနှင့် ကျွန်တော်မှာ စတော့ကိတ်လမ်း လူအိုရုံအနီး သခင်နုအိမ်တွင် သခင်နုဇနီး မမရီအား စောင့်ရှောက်ရင်း ထမင်းကပ်စား နေကြရပါသည်။ များမကြာမီ သခင်အောင်ဆန်း မြန်မာပြည် အပြင်ဘက်သို့ ထွက်သွားရေး ပြဿနာ ပေါ်လာပါတော့သည်။ ၎င်းကိစ္စကို သခင်လှဖေနှင့် ကျွန်တော်ပင် ကမ္မကထ ပြုနေကြရပါသည်။ ထွက်မသွားမီ တညတွင် ကျောင်းသားသမဂ္ဂ အသင်းတိုက်တွင် သခင်အောင်ဆန်း ခရီးထွက်ရေးအတွက် ဆွေးနွေးပွဲတခု လုပ်ကြပါသည်။ ၁၂ နာရီခန့်တွင် သခင်အောင်ဆန်းအား ၅၃ လမ်း တိုက်မှ မော်တော်ကားနှင့် ကျွန်တော် သွားခေါ်လာခဲ့ရပါသည်။
အစည်းအဝေး တက်ရောက်သူများမှာ ကိုကျော်ငြိမ်း (ယခု ဝန်ကြီးဟောင်း)၊ ကိုထွန်းအုံ (မြူနီစီပါယ်မင်းကြီး)၊ နဂါးနီ ကိုထွန်းအေး၊ ကိုလှမောင် (ယခု ဗိုလ်ဇေယျ တောခို)၊ သခင်ထွန်းရွှေ (နဂါးနီ) စသောသူများ ဖြစ်ပါသည်။ သခင်အောင်ဆန်းမှာ သွားခါနီးဖြစ်သည့်အလျောက် မှာစရာ စကားများကို မှာ၍ အားမရအောင် ဖြစ်နေရှာသည်။ ၁၂ နာရီမှ နံနက် ၄ နာရီခွဲထိ တယောက်တည်း စကားပြောနေ လေတော့သည်။ စကားမပြောလျှင်လည်း လုံးလုံးမပြော၊ ပြောလျှင်လည်း အိပ်နေသူကိုပင် နှိုး၍ ပြောတတ်လေသည်။
ဆောင်းပါရှည်အံ့စိုး၍ နိဂုံးချုပ်ရပေတော့မည်။ သခင်အောင်ဆန်း၏ နုစဉ်ဘဝ အဖြစ်အပျက်များကို ရေး၍ပင် ကုန်နိုင်ဘွယ် မရှိပေ။ ကျွန်တော်အဖို့တွင် အထွဋ်အထိပ် မရောက်မီက (သခင်အောင်ဆန်း) အထွဋ်အထိပ် ရောက်ပြီး (ဗိုလ်ချုပ်အောင်ဆန်း) ထက်ပင် ကြည်ညို လေးစားမိပါတော့သည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ


(ဗိုလ်ချုပ်အောင်ဆန်း - ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန် တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြော ကြားသော ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ …)


“အဲဒီတော့ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင်လူထုရဲ့အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး  ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။  
ကျွန်တော်တို့တော့ ရှေ့အဖို့ကိုရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ် တော့မယ်။ ကျွန် တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်း ထောက်ပြီး ချီတုံချတုံ ဖြစ်နေမှု ကြောင့် လူထုမနစ်နာစေချင်တော့ဘူး။”


ဗို 2:21 AMRe